မနှစ်က ဗေဒင်ဆရာက ဟောတယ်
အိမ်ပြန်ရဖို့ မသေချာတော့ဘူးတဲ့။
ဒီလိုဆို အင်လျားကန်စောင်းမှာ ညလုံးပေါက်နေပစ်မယ်ဆိုတဲ့
စိတ်ကူးတွေ ...၊ အဆောင်ရှေ့တွေမှာ သီချင်းသွားအော်မယ်ဆိုတဲ့
စိတ်ကူးတွေ ...၊ လှည်းတန်းလမ်းဆုံမှာ အဖော်တွေနဲ့အ၀သောက်မယ်ဆိုတဲ့
စိတ်ကူးတွေ .... အားလုံး အားလုံး ...။
တကယ့်အဖြစ်အပျက်တွေက
တကယ်ပဲ နေနိုင်ကြတယ်။
ဘာမှ မထူးကြသလို။ ။
Friday, January 22, 2010
Thursday, March 12, 2009
''စည်းကမ်းပြည့်ဝသော သတင်းများကို ပြန်လည်တုံ့ပြန်ခြင်း''
Saturday, January 24, 2009
၂၄ ဇ္န၀ါရီ ၂၀၀၉။ နေသန်မောင်
ကိုစိန်ဝင်းရေ ...ညစ်ညမ်းသီချင်းတွေ မြန်မာပြည်မှာ တရားမဝင် ပျံ့နေတဲ့သတင်းနဲ့ပတ်သက်ပြီး ပြီးခဲ့တဲ့ သီတင်းပတ်က မဇိမသတင်းမှာ ကျနော်ရေးလိုက်တဲ့ ဆောင်းပါးအပေါ် ကန့်ကွက်သံတွေ ပလူပျံအောင် ထွက်လာခဲ့ပါတယ်။ ထောက်ခံတဲ့အမြင်ရှိသူတွေထက်စာရင် ကန့်ကွက်တဲ့အမြင်က အပုံကြီးများတယ်လို့ ယူဆပါတယ်။ ဒီနေရာမှာ ထွက်လာတဲ့အမြင်တွေအနက် လူပုဂိုလ်အပေါ် ပြန်လည်ဝေဖန်တဲ့ အချက်တွေကို တုံ့ပြန်စရာမရှိပေမယ့် ကျနော့်ဆောင်းပါးရဲ့ ဆိုလိုရင်း အနှစ်ချုပ်ကို ပြန်ရှင်းပြဖို့တော့ လိုလာပြီလို့ ခံစားရပါတယ်။တုံ့ပြန်မှုအများစုကတော့ ဂျောက်ဂျက်ရဲ့ သီချင်းစာသားတွေက ဘယ်လောက် ရိုင်းစိုင်းတယ်၊ ဘယ်လောက် ဒီဂရီအထိကို ညစ်ညမ်းတယ်၊ ဒီလိုညစ်ညမ်းမှုတွေကို မြန်မာ့လူ့အသိုင်းအဝိုင်းအနေနဲ့ လက်ခံလို့ မရဘူး၊ လက်ပိုက်ကြည့်နေလို့ မဖြစ်ဘူး၊ ဒီသီချင်းတွေကို နားထောင်မိတဲ့ ဆယ်ကျော်သက်တွေ၊ ကလေးသူငယ်တွေအတွက် စာရိတပိုင်းဆိုင်ရာမှာ ဆိုးရွားတဲ့ အကျိုးဆက်တွေဖြစ်လာမယ်၊ အမျိုးသမီးတွေအပေါ် အပြင်းအထန်တိုက်ခိုက်ထားတယ်၊ သတင်းသမားတွေဟာ တိုင်းပြည်ရဲ့ မျက်လုံးဖြစ်တဲ့အတွက် ဒီအတိုင်း လက်ပိုက်ကြည့်မနေဘဲ ပြောခွင့်ရှိတယ် စတဲ့အချက်တွေပါပဲ။ဒီလို သီချင်းစာသားမျိုးကို လွတ်လပ်ခွင့်အနေနဲ့ ''ဘာမှမပြောကြပါနဲ့၊ မကြိုက်ရင် နားမထောင်ပါနဲ့''လို့ ပြောတဲ့ကျနော့်အပေါ် အတော်ကလေး ဒေါသထွက်ကြဟန်ရှိပါတယ်။ ကျနော့်ဆောင်းပါးမှာ မကျေနပ်တဲ့ ဒေါသသံတွေပါတာကြောင့် တုံ့ပြန်သူတွေဘက်ကလည်း ဒေါသသံတွေ၊ သရော်သံတွေကလည်း မပါမဖြစ် ပါလာကြပါတယ်။ ဒီမိုကရေစီရဲ့ အနှစ်သာရဖြစ်တဲ့ လွတ်လပ်စွာ သဘောထားအမြင် ကွဲလွဲခွင့်ကို ကြိုဆိုသင့်ပါတယ်။ တုံ့ပြန်လာသူတွေရော အကြောင်းအရာပေါ်မှာ အမြင်သဘောထား အမျိုးမျိုးရှိတဲ့သူတွေကိုရော ကြိုဆိုပါတယ်လို့ ပြောချင်ပါတယ်။ကျနော့်ဆောင်းပါးရဲ့ အဓိကလိုရင်း အနှစ်ချုပ်က ကျနော်တို့ မြန်မာလူ့အဖွဲ့အစည်း (အထူးသဖြင့် ဖိနှိပ်တဲ့ စစ်အာဏာရှင်ယနရားအောက်က လူ့အဖွဲ့အစည်း)အတွင်းမှာ ဖိနှိပ်မှုမှန်သမျှကို ရတဲ့နည်းလမ်းမှန်သမျှနဲ့ ဆန့်ကျင်မှုတွေ အမြဲလိုလိုရှိပါတယ်။ ဒီမိုကရေစီနဲ့ လူ့အခွင့်အရေးအတွက် တိုက်ပွဲဝင်နေမှုကလည်း ဆယ်စုနှစ်(၂)ခု ကျော်ခဲ့ပါပြီ။စာပေ၊ သတင်းစာ၊ ဂီတ၊ အနုပညာတို့ရဲ့ ကင်ပေတိုင် ဆင်ဆာအဖွဲ့ဟာ လွတ်လပ်တဲ့ သဘောထားအမြင်တွေကို အဓိက ပိတ်ဆို့ထိန်းချုပ်တဲ့ ဌာနဖြစ်တာမို့ လူတိုင်းရဲ့ အော့နှလုံးနာစရာ အဖွဲ့ဖြစ်ပါတယ်။ ကျနော်တို့ ပြည်တွင်းရော၊ ပြည်ပကပါ ဒီဆင်ဆာအဖွဲ့ကို တတ်နိုင်ရင် ဝေးဝေးက ရှောင်ကြပါတယ်။ အခု ဟစ်ပ်ဟော့ပ် မြေအောက်သီချင်းတွေအလှည့်ကျမှ ပြည်တွင်းပြည်ပ သတင်းဌာနအချို့က သတင်းထောက်အချို့က ဆင်ဆာအဖွဲ့ကို တိုင်တန်းပြီး အရေးယူပေးဖို့ ရေးသားခဲ့တဲ့ အချက်။ ဒီအချက်အပေါ် ကျနော်အဓိကထားပြီး ပြောတာဖြစ်ပါတယ်။ကျနော့်တို့ လူ့အဖွဲ့အစည်းအတွင်းမှာရှိတဲ့ မကောင်းတဲ့စရိုက်ကို ကျနော်ထောက်ပြဖို့ ကြိုးစားတာပါ။
ဖိနှိပ်ရေးယနရားဖြစ်တဲ့ ဆင်ဆာအဖွဲ့ကို ဘယ်လိုအကြောင်းအရာမျိုးနဲ့မှ ကျနော်တို့ ထောက်ခံစရာမရှိပါဘူး။ သူတို့နဲ့ တသွေးတည်းတသားတည်း အမြင်ရော အတွေးအခေါ်ရော တူညီတယ်ဆိုရင်တော့ ဒီအချက်ဟာ မဟာပြသနာကြီးဖြစ်လာပါပြီ။ နောက်တစ်ခုက ကိုယ်မကြိုက်တဲ့ လက်မခံနိုင်တဲ့အရာတစ်ခုကို ဒီဖိနှိပ်ရေးယနရားရဲ့ အကာအကွယ်ကိုယူပြီး အသုံးချတဲ့ကိစပါ။နောက်တစ်ခုက တိုင်တန်းပုံပါ။ တိုင်တန်းပုံကလည်း သတင်းစာသမားတွေ အဓိကရှောင်ရှားရမယ့် တရားဥပဒေအရ တရားခွင်ကနေ စွပ်စွဲခံရသူတစ်ဦးတစ်ယောက်အပေါ် ပြစ်ဒဏ်မစီရင်ရသေးဘဲ သတင်းစာမျက်နှာထက်ကနေ ဥပဒေတွေကို အပိုဒ်လိုက်ရွတ်ပြီး ဒီလိုပုဒ်မနဲ့ အရေးယူသင့်တယ်၊ ယူရမယ်ဆိုပြီး ရေးလိုက်တဲ့ အချက်ပါ။ ဒီလို ရေးသားမှုမျိုးက မြန်မာ့အလင်း၊ ကြေးမုံကနေ ပြန်ကြားရေးဌာနက နိုင်ငံရေးလှုပ်ရှားသူတွေအပေါ် တရားဝင် ဖမ်းဆီးမှုတွေ မလုပ်ခင် ကြိုတင်ရေးထားချက်တွေနဲ့ တသဘောတည်း တူညီနေပါတယ်။ဂျောက်ဂျက်နဲ့ ကျန် လူငယ်တွေရဲ့ မြေအောက်သီချင်းတွေ မညစ်ပတ်ပါဘူး၊ မရိုင်းပါဘူးလို့ ကျနော်တစ်ခါမှ မပြောခဲ့ပါဘူး။ ကျနော်ပြောခဲ့တာက ''မကြိုက်ရင် နားမထောင်ပါနဲ့''လို့ ပြောတာပါ။ ဒီစကားကို လက်လွတ်စပယ် ပြောတယ်လို့ ထင်ရင် ကျနော် ထပ်ရှင်းပါမယ်။ ဒီသီချင်းတွေ၊ ဒီလှုပ်ရှားမှုတွေကတော့ ပေါ်နေပြီ၊ ဖြစ်နေပြီ။ မလိုလားတဲ့အရာဘဲ၊ တားရမယ်ဆိုတဲ့ အတွေးအခေါ်ဝင်လာပြီဆိုရင်တော့ ဒီအတွေးအခေါ်ဟာ ပြသနာရှိနေပြီလို့ ပြောရပါမယ်။ လွတ်လပ်တဲ့ ဒီမိုကရေစီနိုင်ငံကြီးတွေမှာတောင် ဒီလို ဂီတလှုပ်ရှားမှုမျိုးကို တားလို့မရပါဘူး။ တီဗီတွေကနေ၊ ဘုရားကျောင်းတွေကနေ နားမထောင်ကြနဲ့၊ ညစ်ညမ်းသီချင်းတွေလို့ပဲ တိုက်တွန်းပြောဆို နားသွင်းကြတယ်။ဘယ် သတင်းစာ၊ တီဗီတွေက သတင်းထောက်က ဒီသီချင်းတွေဟာ တရားမဝင် ထွက်နေတာ၊ တားပေးပါ၊ ပိတ်ပေးပါလို့ မပြောကြပါဘူး။ ပြောလည်း ဒါမျိုးကို အရေးယူဖို့ သူတို့မှာ ပုဒ်ထီး၊ ပုဒ်မတွေ မရှိဘူး။ နောက်ပြီး မြန်မာပြည်က သတင်းစာသမားအများစုက သူတို့ဟာ တိုင်းပြည်ရဲ့ မျက်လုံးဖြစ်တယ်ဆိုရင် တိုင်းပြည်အပေါ် အနရာယ်ရှိလာနိုင်မယ့်၊ အများပြည်သူ အကျိုးစီးပွါးအပေါ် ဆိုးကျိုးသက်ရောက်လာနိုင်မယ့် အချက်အလက်တွေကို ချက်ချင်းရေးသား တင်ပြခွင့်ရှိသူတွေပါ။ယဉ်ကျေးမှုနယ်ပယ်မှာ အထူးသဖြင့် ဂီတနယ်ပယ်မှာ ဒီလိုသီချင်းမျိုးတော့ လာမဆိုနဲ့ လာလုပ်လို့မရဘူးဆိုတဲ့အမြင်တွေဟာ နည်းလမ်းကျတယ်လို့ထင်နေကြရင် ဒီအပေါ်မှာ ကျနော် စောဒကတက်ဖို့ တွန့်ပြီလို့ ပြောရမှာပဲ။ ယဉ်ကျေးမှုစီးကြောင်းကို ထိန်းသိမ်းဖို့က သတင်းသမားတွေရဲ့ တာဝန်မဟုတ်ဘူး။ ဒါက သမိုင်းခေတ်ရေစီးကြောင်းက သတ်မှတ်ပေးမှာ။ ဒါမှ လူ့အဖွဲ့အစည်းတစ်ခုလုံးရဲ့ ယဉ်ကျေးမှုအရွေ့ကို ဒီလူ့အဖွဲ့အစည်းက ဆုံးဖြတ်မှာ။ သတင်းသမား အနည်းငယ်က ရှေ့ဆောင်ပြီး စာပေတာဝန်အနေနဲ့ မလုပ်ရဘူးလို့ ပြောချင်တာပါ။ နောက်တစ်ခုက ဂီတပဲဖြစ်ဖြစ် ဘယ်အနုပညာပဲဖြစ်ဖြစ် ဖန်တီးသူဟာ သူဖန်တီးလိုက်တဲ့ အနုပညာတိုင်းအပေါ် တာဝန်ခံရပါတယ်။သူ့အနုပညာ အကောင်းအဆိုးကို သူ့ပရိသတ်တွေက ဆုံးဖြတ်ကြပါတယ်။ ဆင်ဆာအဖွဲ့က စစ်ဗိုလ်ချုပ်တွေကို ဆုံးဖြတ်ခိုင်းတဲ့ သတင်းသမားတွေရဲ့သတိကို အင်မတန် အံ့သြပါတယ်။ ဒီလိုညစ်ညမ်းသီချင်းတွေဆိုလို့ ပရိသတ်က လက်မခံရင် ဆိုတဲ့သူဟာ အနုပညာလောကမှာ ရပ်တည်ဖို့ နေရာဆုံးရှူံးမှာပဲ။ ဒီကိစရှင်းရှင်းလေးကို ဘာဖြစ်လို့များ အရပ်ကူပါ လူဝိုင်းပါဆိုပြီး ပုံကြီးချဲ့ကြတာလဲ။မုန်းပါတယ်၊ ရွံပါတယ်ဆိုတဲ့ ဆင်ဆာအဖွဲ့က ဒီသီချင်းတွေ ဆိုတဲ့သူတွေကို အရေးယူလိုက်ပါပြီတဲ့။ ဘယ်သူတွေ ထိခိုက်သလဲ။ ကောင်းတာ၊ မကောင်းတာထား။ တီထွင်ဖန်တီးရတဲ့ အနုပညာအလုပ်ကို လုပ်နေသူအပေါ် မဆိုရ၊ မရေးရ၊ မထုတ်လုပ်ရ၊ မဖန်တီးရဖြစ်လာပြီဆိုရင် ဘယ်သူတွေ ထိခိုက်သလဲ။ ကျနော်ထောက်ပြတဲ့ကိစက ဒီသီချင်းတွေ နားထောင်လို့၊ ဆိုလို့ ထိခိုက်မှုထက် ဒီအပေါ်မှာ အရေးယူမှုလုပ်ဖို့ ပြောတဲ့၊ အရေးယူတဲ့အချက်ဟာ ဂျောက်ဂျက်တစ်ယောက်တင် မကဘူး။ လူ့အဖွဲ့အစည်းကြီးတစ်ခုလုံးကို အိုင်ဒီရော်လော်ဂျီအရကိုပါ ထိခိုက်တယ်လို့ ပြောချင်တာပါ။ စစ်အစိုးရနဲ့ အလိုတူအလိုပါဆိုတာ ဒါကို ဆိုလိုတာပါ။အခု ဂျောက်ဂျက်နဲ့ ညစ်ညမ်းသီချင်းတွေ အရေးယူပေးဖို့ ရေးတဲ့၊ ဝါဒဖြန့်တဲ့ သတင်းဌာနနဲ့ ရေးသူ သတင်းထောက်အတွက် ဆင်ခြင်ဖို့ပြောတာပါ။ ဆင်ဆာက သတိပေး ခံဝန်ထိုးခိုင်းပြီး သီချင်းဆိုခွင့် ထုတ်ခွင့် ပိတ်လိုက်တယ်။ အဓိကအားဖြင့် သတင်းရေးသူဘက်က ကျေနပ်လောက်စရာ ဖြစ်သွားတယ်။ ဇေယျာသော်တို့လို ထောင်ချဖမ်းဆီးလိုက်မယ်ဆိုရင် ဒီသတင်းရေးသူတွေ တသက်တာလုံး နောင်တရနေရမယ့် အဖြစ်မျိုးကို စဉ်းစားဖို့ပြောတာပါ။ ကျနော်ပြောတဲ့ ကျင့်ဝတ်ဆိုတာ အဲဒါပါပဲ။ကိုယ်မကြိုက်တဲ့ကိစ္စကို ကလောင်ကိုင်ထားတိုင်း ရေးချင်တာရေး၊ တိုင်ချင်တာတိုင်ခွင့်ရှိတာ သတင်းသမားတွေရဲ့တာဝန်မဟုတ်ဘူးဆိုတာ နားလည်ဖို့ပါ။ ကိုယ့်အာသီသပြည့်ဖို့၊ ကိုယ့်နဲ့အမြင်တူတဲ့သူတွေ သဘောကျစေဖို့အတွက် လူငယ်တွေရဲ့ခြေလှမ်းကို ရိုက်ချိုးတာ၊ နောင်သီချင်းဆိုလို့မရအောင် ဒုကပေးတာ မြန်မာ့ယဉ်ကျေးမှု ပျက်စီးတဲ့ဘေးက ကာကွယ်တာလို့ ကျနော်တော့ လုံးလုံး မယူဆဘူး။ စစ်ဗိုလ်တွေအားကိုးနဲ့ လူငယ်တွေကို ပန်းကောင်းအညွှန့်ချိုးတာလို့ပဲ မြင်တယ်။ကျနော်ပြောတဲ့ ''သတင်းတွေနဲ့လူသတ်တယ်''ဆိုတာ ဒါပါပဲ။ သီချင်းစာသားတွေ ရိုင်းတယ်၊ မရိုင်းဘူးဆိုတဲ့အပေါ် ဒီစာသားတွေက ယောက်ျားတွေအကြိုက် မိန်းကလေးတွေအပေါ် ရစရာမရှိအောင် ပြောထားတာမို့ ကြိုက်တာပေါ့ဆိုတဲ့ ပြောဆိုမှုမျိုးဟာ ကလေးဆန်ပါတယ်။ ဒီစာသားတွေ ရိုင်းတယ်ဆိုတာ မှန်တယ်။ ရိုင်းတိုင်း အရေးယူရမလား။ စဉ်းစားကြဖို့ပါ။ဒီကနေ့ အသက်၂ဝကျော်၊ ၃ဝ ဝန်းကျင်ရှိနေကြတဲ့ လူလတ်ပိုင်းတွေ၊ လူငယ်တွေရော သူတို့ဆယ်ကျော်သက်ဘဝ ဖြတ်သန်းလာခဲ့တဲ့ ပုဂလိက အတွေ့အကြုံတွေကို ပြန်သုံးသပ်ကြဖို့ လိုပါတယ်။ အပြာစာအုပ်လို့ခေါ်တဲ့ လိင်ပိုင်းဆိုင်ရာ ညစ်ညမ်းစာအုပ်တွေ၊ ညစ်ညမ်းပုံတွေဟာ မြေအောက်ဈေးကွက်မှာ သူ့ဟာသူ ရှိနေတာပဲ။ ကြိုက်တဲ့သူ ဖတ်၊ မကြိုက်တဲ့သူ မဖတ်နဲ့။ အတို့အထောင်လုပ်လို့ရှိရင် ဒီဈေးကွက်ကို အာဏာကိုင်ထားတဲ့လူတစ်စုက ဝင်ဖမ်း၊ ငွေညှစ်၊ ပြီးတော့ ပြန်လွှတ်။ ဒီဈေးကွက်ကြီး ပျက်သွားလို့လား။ ဒီမီဒီယာတွေကို လူတွေက ရွံ့စရာဆိုပြီးတော့ မကြည့်ကြတော့ဘူးလား။ကျနော်တို့ဟာ ဒီနေရာမှာတော့ အာဏာရှင်တွေနဲ့ အမြင်တူတယ် အတူတူတွဲလုပ်ရမယ်၊ ဒီနေရာမှာတော့ အမြင်မတူဘူး။ အတူတူ တွဲမလုပ်ဘူးဆိုတာမျိုးက အင်မတန်ကို မလုပ်သင့်တဲ့ အချက်ပါ။ ဆင်ဆာအဖွဲ့ ကင်ပေတိုင်ဟာ ဒီနေ့ စာနယ်ဇင်းသမားတွေအပေါ် အချိန်မရွေး ဒုကပေးနိုင်တဲ့ ဒုကပေးနေတဲ့ အဖွဲ့အစည်းပါ။ လွတ်လပ်ခွင့်အတွက် ဒီအဖွဲ့နဲ့ ဘယ်လိုအကြောင်းပြချက်နဲ့မှ အမြင်သဘောထား တူစရာ မလိုပါဘူး။ ဖိနှိပ်ရေး ယနရားတစ်ခုအပေါ် အားကိုးမယ်၊ သဘောတူညီမယ်ဆိုရင် (ပူးပေါင်းပြီးလုပ်မယ်ဆိုရင်တောင်) စာပေလွတ်လပ်ခွင့်တင် မကပါဘူး။ ဒီမိုကရေစီရဲ့ အခြေခံလွတ်လပ်ခွင့်တွေကို လုံးဝနားမလည်ဘူး လို့ ပြောရမှာပါပဲ။ကျနော်ပြောတဲ့ စည်းကမ်းပြည့်ဝသော သတင်းများရဲ့ အနှစ်ချုပ်က ဒါပါပဲ။ ဒီအပေါ်ကို ကျနော် စိတ်ဆိုး၊ ဒေါသထွက်တဲ့အတွက် ဆောင်းပါးရေးတာပါ။ ဒီဆောင်းပါးရဲ့ အစပိုင်းက လူငယ်ဂီတသစ် လှုပ်ရှားမှုကို ရှင်းပြပြီး သူတို့တွေဟာ ပုတ်သိုးဆွေးမြေ့နေတဲ့ အသိုင်းအဝိုင်းထဲက လူတွေနဲ့မနေဖို့လို့ ရေးတာက ဘာပဲလုပ်လုပ် ကျနော်တို့တွေဟာ ခေတ်ရဲ့လှုပ်ရှားမှုကို ကြည့်နေလို့ပဲရမယ်၊ တားလို့မရဘူး။ လူ့အသိုင်းအဝိုင်းက လက်မခံဘူးဆိုရင် ဂီတမပြောနဲ့ ဘယ်သူမှ ရပ်တည်လို့ မရပါဘူး။ အဲဒါကလည်း စီးကြောင်းတစ်ခုရဲ့ အချိန်ကာလပေါ်မှာပဲ မူတည်ပါတယ်။ကျနော်တို့ဟာ အမှောင်ထဲကနေ လူပီသဖို့အတွက် အာဏာရှင်တွေကို သွေးတွေ၊ ချွေးတွေ၊ ဘဝတွေ၊ အသက်တွေ ရင်းပြီးတိုက်နေကြပေမယ့် အဲဒီအမှောင်ထဲမှာပဲ ကျနော်တို့လည်မျိုကို ညှစ်မယ့် ဖိနှိပ်ရေးတွေကို အားကိုးပြီး အချင်းချင်းဒုကပေးတဲ့ စိတ်ဓါတ်မျိုးဟာ ကျနော်တို့ လူ့အဖွဲ့အစည်းကိုပဲ အနရာယ်ပေးပါလိမ့်မယ်။ ကျနော်ပြောနေတာ ဒီမိုကရေစီရဲ့ စံနှုန်းနဲ့ ကျင့်ဝတ်တွေကို တန်ဖိုးထားဖို့ပါ။ ကိုယ့်ညီအစ်ကို နှမသားချင်းတွေ နားမထောင်စေချင်ဘူးဆိုရင် နားမထောင်ဖို့ ကိုယ့်ဟာ့ကိုယ် ပြောပေါ့။ မောင်နဲ့နှမ သားနဲ့အမိ ကြားလို့မတော်ဘူးလို့ ပြောရအောင် ညစ်ညမ်းစာသား၊ ညစ်ညမ်း ရုပ်ပုံတွေကို တစ်ကမာလုံးမှာ ဘယ်လူကမှ မောင်နဲ့နှမ၊ သားနဲ့အမိ တွဲမကြည့်၊ မဖတ်၊ နားမထောင်ကြပါဘူး။ဂျောက်ဂျက်နဲ့ မြေအောက်ဟစ်ပ်ဟော့ပ်သီချင်းတွေ ပလူပျံနေတာကို အနရာယ်များတယ်ထင်ရင် တိုင်တာတောတာထက် ပိုပြီးအပြုသဘောဆောင်တဲ့အလုပ်မျိုး သတင်းသမားတွေ လုပ်လို့ရပါတယ်။ ကျနော်လည်း သတင်းလောကက လာခဲ့တဲ့အတွက် သတင်းတစ်ပုဒ်ဟာ အပြုသဘောလား၊ အပျက်သဘောလားဆိုတာ သတင်းထောက်ရဲ့လက်ကို ကောင်းကောင်းနားလည်ပါတယ်။ အခု ပြည်တွင်းပြည်ပ မီဒီယာအချို့က ဒီသတင်းနဲ့ပတ်သက်ပြီး ရေးခဲ့တဲ့ သတင်းတွေကို ပြန်ဖတ်ကြည့်ပါ။ တရားမျှတမှုရှိရဲ့လားဆိုတာ ပြန်စဉ်းစားပါ။ နေရာတိုင်းမှာ ကိုယ်နဲ့သဘောတူတဲ့သူတွေရှိသလို သဘောမတူတဲ့သူတွေရှိတယ်ဆိုတာ ပြန်စဉ်းစားဖို့ပါ။ကျနော်တို့တွေဟာ ကိုယ်ကိုယ်တိုင်ကဖြစ်စေ၊ လူ့အသိုင်းအဝိုင်းကဖြစ်စေ မှားခဲ့တဲ့ အမှားတွေကို သတိထားဆင်ခြင်ပြီး အမှားမများအောင် အသက်ရှင်ရပ်တည်ဖို့ ကြိုးစားကြသူတွေပါ။ ဦးနေဝင်းခေတ်က တစေသရဲ၊ စုန်းကဝေကားတွေကို မရိုက်ရ၊ မထုတ်ရဆိုပြီး ပိတ်ပင်ခဲ့ပါတယ်။ သူတို့ရဲ့စေတနာကတော့ လူ့အဖွဲ့အစည်းမှာ ခြောက်ခြားမှုတွေ၊ တုန်လှုပ်မှုတွေ၊ မကြည့်သင့်တာတွေ မကြည့်စေချင်တာပါပဲ။ ဒီလိုပိတ်လိုက်တော့ရော မြန်မာပရိသတ်တွေက စုန်းကဝေ သရဲကားတွေကို လုံးဝ မကြည့်တော့ဘူးလား။ ကြည့်တာပေါ့။ မြန်မာကားမကြည့်ရတော့ နိုင်ငံခြားကားတွေ ကြည့်တာပေါ့။ ဒီလိုကြည့်တော့ ကျနော်တို့တွေအားလုံး စာရိတပိုင်းမှာ ချို့ယွင်းသွားရောတဲ့လား။အခုတော့ ပြန်ကြားရေးဝန်ကြီးကို နားဝင်အောင် တောင်းပန်ပြီး မြန်မာသရဲကားတွေ၊ လူသတ်ကားတွေ ပြန်ရိုက်ခွင့် ရနေတယ်။ အကန့်အသတ်နဲ့ပါ။ ကျနော်ပြောတာက ကိုယ်နဲ့အမြင်၊ သဘောထားမတူတဲ့ ဖြစ်ရပ်တွေပေါ်လာတိုင်း သည်းခံစိတ်ထားပြီး အမြင်ကျယ်ကျယ်နဲ့ ရေရှည်ကြည့်တတ်စေချင်တာပါ။ မျက်စိတမွှေးပဲကြည့်ပြီး ငြါ မြသအ့နမ စိတ်ဓါတ်မျိုးနဲ့ ပိတ်ဆို့ကန့်သတ်တဲ့ စရိုက်ကို မကြိုက်တာပါ။ ဒီလိုစရိုက်မျိုးနဲ့ဆိုရင် နေပြည်တော်ကပြောတဲ့ စည်းကမ်းပြည့်ဝတဲ့ ငြါ မြသအ့နမ ဒီမိုကရေစီနဲ့ပဲ ထိုက်တန်တယ်လို့ ကျနော်စွပ်စွဲတာပါ။အခုဟာက ထစ်ခနဲရှိ ရဝတလူကြီးကိုပြေးတိုင်တဲ့ စရိုက်မျိုးကို ရှုတ်ချတာပါ။ သတင်းသမားအဖြစ် အသက်မွေးဝမ်းကျောင်းမယ်ဆိုရင် သတိထားရမယ့်အချက်ကို ပြောတာပါ။လွန်ခဲ့တဲ့ (၁၂)နှစ်လောက်က ကွယ်လွန်သွားပြီဖြစ်တဲ့ စာရေးဆရာမကြီး၊ သတင်းစာဆရာမကြီးဆီ ကျနော်နဲ့ လုပ်ဖော်ကိုင်ဖက်တွေက စာကြည့်တိုက်ဖွင့်ဖို့ စာအုပ်အလှူခံရင်း ဆရာမကြီးဆီ ကန်တော့ဖို့လည်း ရောက်သွားပါတယ်။ ဆရာမကြီးကို ဦးချပြီးတော့ ကျနော်တို့ထဲကတစ်ယောက်က လာရင်းကိစဖြစ်တဲ့ အလှူခံတဲ့အကြောင်း ပြောရင်း အပေါစား၊ အပျော်ဖတ်စာအုပ်တွေ ကျနော်တို့စာကြည့်တိုက်မှာ မတင်လိုတဲ့အကြောင်း ပြောပြပါတယ်။ အဲဒီမှာ ဆရာမကြီးက စာပေ၊ စာပေပဲကွ၊ အပေါစားတွေ အပျော်ဖတ်တွေ မရှိဘူးလို့ ပြန်ရှင်းပြပါတယ်။ ကျနော်က သိုင်းဝတုတွေ၊ မီကိုဇူးဇင်တို့ နိုကိုဇူးဇင်တို့ရဲ့ အပြာဆန်ဆန် အရေးအသားတွေကို အပြင်းအထန်ရှုတ်ချနေသူကိုး။ အဲဒီကစပြီး ကျနော်သင်ခန်းစာတစ်ခုအနေနဲ့ ယူခဲ့ပါတယ်။ ကျနော်မကြိုက်တိုင်း အပေါစား၊ အညံ့စားလို့ အမျိုးအစားခွဲတာကို ရပ်တန်းက ရပ်ခဲ့ပါတယ်။ မကြိုက်တဲ့စာကို မဖတ်တော့ဘူး။ မကြိုက်တဲ့သီချင်းလည်း နားမထောင်တော့ဘူး။ကျနော်တို့က ပြတင်းပေါက်တော့ ဖွင့်ချင်တယ်။ ခြင်တွေ ယင်တွေဝင်လာမှာကိုတော့ လုံးဝမကြိုက်ဘူး။ ဝင်လာတာနဲ့ ပြတင်းပေါက်ကို ပြေးပိတ်တဲ့၊ ပြေးပိတ်ခိုင်းတဲ့ အလုပ်မျိုးကို လုပ်ချင်ကြတယ်။ ကိုယ့်အချင်းချင်း လူချချင်ကြတယ်။ ဒါတွေ မလုပ်ကောင်းဖူးလို့ ကျနော်ဆိုလိုတာပါ။ ကျနော့်ဆောင်းပါးကို ဆန့်ကျင်တဲ့သူတွေရော၊ မဆန့်ကျင်တဲ့သူတွေရော နားလည်စေချင်တာပါပဲ။ကျေးဇူးတင်ပါတယ်။
(သြော် .. ဒါထက် စကားမစပ်။ ကျနော်ဟာ လစ်ဘရယ်ဒီမိုကရေစီရဲ့ တန်ဖိုးတွေကို အသွေးအသားထဲကကို ယုံကြည်သူတစ်ယောက်ပါ။)
နေသန်မောင်

Tuesday, January 20, 2009
စည်းကမ်းပြည့်ဝသော သတင်းများနဲ့ Hip hop ငိုငြီးသံများ
ဆောင်းပါး
နေသန်မောင်
အင်္ဂါနေ့၊ ဇန်နဝါရီလ 20 2009 14:05 - မြန်မာစံတော်ချိန်
http://www.mizzimaburmese.com/edop/songpa/2291--hip-hop-.html
ယူဂျီလို့ အတိုကောက်ခေါ်လို့ရတဲ့ (Underground) Rap သီချင်းတွေ မြန်မာပြည်က လူငယ်ထုတွေကြားမှာ ပျံ့နှံ့နေတာ သိပ်မကြာသေးပါဘူး။ ခန့်မှန်းခြေအရ ဆိုရင်တော့ (Third Generation) လို့ သူတို့ကိုယ်သူတို့ ဟစ်ပ်ဟော့ပ် (Hip hop) ဂီတရဲ့ တတိယမျိုးဆက်ဆိုသူ ဆယ်ကျော်သက် လူငယ်တွေ ပြီးခဲ့တဲ့ ၂ နှစ် အတွင်းလောက်မှာ စတင်ခဲ့တာလို့ ဆိုနိုင်ပါတယ်။
ရော့ခ်သီချင်းတွေ အပြိုင်းအရိုင်း ဆူလောင်ပွက်ခဲ့တဲ့ ၁၉၉ဝ ပြည့်လွန်နှစ်တွေ အပြီးမှာ အက်ဆစ်အဖွဲ့ရဲ့ Rap သီချင်းခွေနဲ့အတူ မြန်မာပြည်က ၂၁ ရာစု ဂီတလူငယ် မျိုးဆက်တွေဟာ ဒီဂျေစက်တွေ၊ မိုက်ခရိုဖုန်းတွေ၊ ဘရိတ်ဒန့်တွေနဲ့အတူ ပေါ့ပ် Pop သီချင်းအများစု ခေတ်စားတဲ့ မြန်မာပြည်မှာ ဘွားခနဲ ပေါ်လာတာပါ၊
Hip hop မျိုးဆက်ရဲ့ ပထမမျိုးဆက်ဖြစ်တဲ့ အက်ဆစ်အဖွဲ့၊ သီအိုရီအဖွဲ့တို့ဟာ နည်းမျိုးစုံနဲ့ တိုက်ခိုက်ခံပြီးမှ သူတို့ရဲ့ အမာခံပရိသတ် လူငယ်အများစုရဲ့ လက်ခံမှုကြောင့် မြန်မာပြည်ရဲ့ Rap လမ်းကြောင်းက မထင်မှတ်ဘဲ တံခါးပွင့်ခဲ့ပါတယ်။ အသစ် အသစ်ထွက်လာတဲ့ သီချင်း စီးကြောင်းထဲမှာ ဆယ်ကျော်သက် မြီးကောင်ပေါက် မိန်းကလေးတွေရဲ့ အသည်းစွဲ က ထွန်းထွန်း၊ စိုင်းစိုင်းခမ်းလှိုင်၊ ရဲလေး၊ ဂျေမီတို့ဟာ ၂ဝဝ၃ ခုနှစ်ကနေ ဒီနေ့အထိ စင်ပေါ်မှာ နေရာယူထားဆဲ၊ ပရိသတ်ကို ဖမ်းစားထားဆဲ။
ရဲလေး၊ ဂျေမီမျိုးဆက်ကို Hip hop ရဲ့ ဒုတိယမျိုးဆက်လို့ ခေါ်မယ်ဆိုရင်တော့ ဒီကနေ့ မြန်မာပြည်ရဲ့ Rapper ပေါက်စတွေဖြစ်တဲ့ ကျော်ထွဋ်ဆွေ၊ ဂျောက်ဂျက်တို့ရဲ့ VIP ဟာ တတိယမျိုးဆက် ဖြစ်လာပါမယ်။ ဘာဖြစ်လို့လဲဆိုတော့ မြန်မာပြည်က Rap / Hip hop ယဉ်ကျေးမှုဟာ Revolution တခုအနေနဲ့ တွန်းကန် ရုန်းထွက်နေရလို့ပါပဲ။
Hip hop ဂီတယဉ်ကျေးမှုရဲ့ ခရီးအစဟာ ဟောင်းနွမ်းဆွေးမြေ့နေတဲ့ လူ့အသိုင်းအဝိုင်းရဲ့ စိတ်အချဉ်ပေါက်မှု၊ တံခါးပိတ်ဝါဒကြောင့် အမြင်ကျဉ်းမြောင်းမှု၊ ခေတ်မမီတော့တဲ့ လူ့အသိုင်းအဝိုင်းအတွင်းက စံနှုန်းနဲ့ တရားမျှတမှု မရှိတဲ့ နိုင်ငံရေးနဲ့ လူနေမှုစနစ်ကြားမှာ အတော်ကလေး တိုက်ခိုက်ချေမှုန်းခံခဲ့ရပါတယ်။
ရှင်းရှင်းပြောရရင် ၁၉၈၈ ဒီမိုကရေစီရေး လှုပ်ရှားမှုနောက်ပိုင်းမှ မွေးဖွားလာတဲ့ မြန်မာပြည်က ဒီမျိုးဆက်သစ်ဟာ ကြောက်မက်ဖွယ်ရာကောင်းတဲ့ စိတ်အချဉ်ပေါက်နေတဲ့ လူတန်းစားကြားထဲမှာ လူးလွန့်ကြီးပြင်းခဲ့ရသူတွေပါ။ သူတို့ရဲ့အဖော်ဟာ ဂီတဖြစ်လာတယ်။ ဒီဂီတကနေတဆင့် သူတို့ရဲ့အသံတွေ ခံစားချက်တွေက တစတစ ဖော်ထုတ်ဖို့ ကြိုးစားလာကြတယ်။
လူ ၅ ယောက်ထက်ပိုပြီး (အထူးသဖြင့် လူငယ်ကျောင်းသားတွေ) စုဝေးလို့မရတဲ့ စစ်ဖိနပ်အောက်က တိုင်းပြည်မှာ ဒီလူငယ်တွေဟာ Hip hop ဂီတနဲ့ လူငယ်ထုတွေကို သောင်းနဲ့ချီပြီး စုစည်းခဲ့တယ်။ ပြီးတော့ သူတို့ရဲ့ ခံစားချက်တွေကို ဖလှယ်ကြတယ်။ ပိတ်လှောင်မွန်းကျပ်နေတဲ့ ခေတ်ဆိုးကြီးထဲမှာ သူတို့အတွက် အချစ်အကြောင်း၊ အသည်းကွဲတဲ့အကြောင်းတွေ၊ သူငယ်ချင်းတွေ ညီညွတ်ကြပါလို့သာ ဒီအကြောင်းတွေကို သီချင်းစပ်ဆိုခဲ့ကြတယ်။
ကိုယ်ပိုင်သံစဉ် မဖန်တီးနိုင်ဘဲ ကော်ပီသီချင်းတွေနဲ့ လူတလုံးသူတလုံးဖြစ်နေတဲ့ ရော့ခ်၊ ပေါ့ပ် သီချင်းတွေထက်စာရင် မြန်မာလူငယ်စစ်စစ်တွေက ကိုယ်ပိုင်ဖန်တီးတဲ့ မြန်မာဟန် Rap သီချင်းတွေက ဘယ်လိုပဲ အတားအဆီးတွေရှိရှိ စင်ပေါ်ရောက်လာခဲ့တာပါပဲ။
၎-၅ နှစ် ကလေးတွေကအစ စိုင်းစိုင်းခမ်းလှိုင်သီချင်း မဖွင့်ပြရင် ထမင်းမစားကြတဲ့အထိ Hip hop လှိုင်းလုံးက အတော်ကို ကြီးခဲ့ပါတယ်။ ပြည်ပက မြန်မာနိုင်ငံရေး အသိုင်းအဝိုင်းကြားမှာတော့ Hip hop ကို ထင်ထင်ပေါ်ပေါ်ပဲဖြစ်ဖြစ်၊ လျှို့ဝှက်ပြီးတော့ပဲဖြစ်ဖြစ် အားမပေးပါဘူး။ ဒါပေမယ့် ပြည်ပမှာရှိတဲ့ မြန်မာလူငယ်တစုကနေပြီး (Myanmar Future Generation – MFG) အဖွဲ့အဖြစ် နိုင်ငံရေးနဲ့ တိုက်ရိုက်ပတ်သက်တဲ့ သီချင်းတွေ အယ်လ်ဘမ်တချပ်စာမက အင်တာနက်ပေါ်ကနေ လွှင့်တင်လိုက်တဲ့ ၂ဝဝ၃ ခုနှစ်ကစပြီး ဟုတ်ပြီကွဆိုကာ အားပေးခဲ့တာပါ။
MFG ရဲ့သီချင်းတွေဟာ မြန်မာပြည်မှာ Underground သီချင်းတွေအဖြစ်နဲ့ အရှိန်ပြင်းပြင်း ပျံ့နှံ့ခဲ့ပါတယ်။ အဲဒီနောက်ပိုင်း စစ်အစိုးရဆန့်ကျင်ရေး သီချင်းတိုင်းမှာ Hip hop ဂီတက တစတစ နေရာယူခဲ့ပါတယ်။ ၂ဝဝ၇ ရွှေဝါရောင်တော်လှန်ရေးထဲမှာ ရဟန်းသံဃာတော်တွေနောက်က တက်တက်ကြွကြွ အားပေးခဲ့ပြီး အပြောင်းအလဲကို တောင်းဆိုခဲ့တဲ့ လူငယ်ကျောင်းသားတွေဟာ ဒီ Hip hop မျိုးဆက်ပါပဲ။
ဆံပင်ကို အရောင်ဆိုးပြီး နားနှစ်ဖက်စလုံးမှာ နားကပ်ပန်ထားတဲ့ ဆယ်ကျော်သက် ဒီလူငယ်တွေဟာ သူတို့ဘဝမှာ အင်မတန် စက်ဆုတ်ရွံရှာဖွယ်ကောင်းတဲ့ နိုင်ငံတော် ယုတ်မာမှုကြီးကို သူတို့မျက်လုံးတွေနဲ့ တပ်အပ် မြင်ခဲ့ကြသူတွေပါ။ သူတို့ဟာ အင်တာနက်ခေတ်က မြန်မာ့အနာဂတ် သူရဲကောင်းတွေပါ။
Generation Wave ဆိုပြီး Hip hop မျိုးဆက်က ဇေယျာသော်၊ ရန်ရန်ချန်းတို့ဟာ စစ်အစိုးရဆန့်ကျင်ရေး ဂီတလှုပ်ရှားမှုထဲမှာပါခဲ့လို့ ထောင်ချ ဖမ်းဆီးခံခဲ့ရပါတယ်။ ဒါပေမယ့် ဒီလူငယ်တွေရဲ့ ဂီတပုံစံကို မကြိုက်တာနဲ့ သူတို့ရဲ့ ဖြစ်တည်မှုနဲ့ ခံစားချက်တွေ၊ ရပ်တည်ရုန်းကန်ရတဲ့ ပတ်ဝန်းကျင်ကို ဂရုမထားဘဲ သူတို့ကို လူလတ်ပိုင်းနဲ့ လူကြီးပိုင်းတွေက မကြိုက်ကြပါဘူး။
တက်ကနိုတီးလုံးတွေနဲ့ မြန်မာသံတွေကို ရောစပ်ထားတဲ့ သားစိုးရဲ့ Rap ပုံစံကတော့ မြန်မာဟန်တွေ အတော်ကို လွှမ်းနေတာမို့ တနိုင်ငံလုံးက ကြိုက်ကြပါတယ်။ ဒါပေမယ့် Hip hop ရဲ့ အရသာစစ်စစ်ကို ခြေလှမ်းစိတ်စိတ် ရှာလာတဲ့ မျိုးဆက်သစ်တွေအတွက်ကတော့ မြန်မာပြည်ရဲ့ ဆင်ဆာယဉ်ကျေးမှုအောက်မှာ အသက်ရှူ ကျပ်လာတာကတော့ အမှန်ပါပဲ။
ဒီတော့ Underground သီချင်းတွေဆိုရင်း သူတို့ရဲ့ ဂီတမှတ်တိုင်တွေကို စပြီး မှတ်ကျောက်တင်ဖို့ လုံးပမ်းတာပါပဲ။ အဲဒီသီချင်းအများစုဟာ နိုင်ငံရေးနဲ့ မပတ်သက်ပါဘူး။ စစ်အစိုးရကို ဆန့်ကျင်တာ မဟုတ်ပါဘူး။ ဒါပေမယ့် သူတို့မြင်နေရတဲ့ ဟောင်းနွမ်းစုတ်ပြတ်နေတဲ့ အတွေးအခေါ်တွေ၊ ငွေရှိမှသာ အဆင်ပြေမယ်၊ ဘယ်သူသေသေ ငတေမာရမယ်ဆိုတဲ့ လှိုင်းလုံးတွေကို ဟားတိုက်ဖို့ ကြိုးပမ်းတာပါပဲ။
ဒီသီချင်းတွေရဲ့ စာသားတွေက ပြည်တွင်းက သိက္ခာတော်အင်မတန်ကြီးတဲ့ လူတန်းစားတွေအတွက်ကတော့ ညစ်ညမ်းသီချင်းတွေပါပဲ။ လိင်ဆိုင်ရာသီချင်းတွေ၊ နေ့စဉ်မြင်တွေ့နေရတဲ့ လူငယ်တွေကြားက စကားလုံးတွေဟာ သီချင်းထဲရောက်တော့ အောက်တန်းစားတွေအဖြစ် သမုတ်ခံရပါတယ်။ ဒါ့ကြောင့်လည်း ဒီသီချင်းတွေကို Underground အဖြစ် ထုတ်တာပါ။ ဒီလောက် ညစ်ပတ်တယ် ရုန့်ရင်းကြမ်းတမ်းတယ်ဆိုတဲ့ သီချင်းတွေဟာ ဘာ့ကြောင့် လူငယ်တွေကြားထဲ အင်မတန် ပျံ့နှံ့ပြီး လူကြိုက်များနေတာလဲ။
အဖြေကတော့ သူတို့ရင်ကို ထိလို့ပါပဲ၊ သူတို့ခံစားချက်ကို ရောင်ပြန်ဟပ်လို့ပါပဲ၊ VIP အဖွဲ့က ကျော်ထွဋ္ဋ်ဆွေ၊ ဂျောက်ဂျက်တို့ရဲ့ Rap သီချင်းတွေဟာ ပြည်တွင်းရော ပြည်ပမှာပါ အခုထိ ပျံ့နှံ့အောင်မြင်နေတုန်းပါပဲ။ မိုက်ရိုင်းတယ်ထင်ရင်၊ မကြိုက်ရင် နားမထောင်ရုံပါပဲ။ ဒီလို အယုတ္တအနတ္တ သီချင်းတွေ ရှိနေသင့်ရဲ့လားဆိုပြီး ဂျာနယ် စာမျက်ထက်ကနေ ဆင်ဆာအဖွဲ့ လူကြီးမင်းများထံ တခုခုလုပ်ကြပါဆိုပြီး ဆော်သြပေးပါတယ်။ ရွာဆော်လုပ်ပါတယ်။
ပြည်ပက တချို့သတင်းဌာနတွေကလည်း ဒီလေသံနောက်ကိုလိုက်ပြီး ဟုတ်တာပေါ့၊ မိုက်ရိုင်းတဲ့သီချင်းတွေ မရှိသင့်ဘူး၊ ဒီကလေးတွေ မဆိုစေနဲ့ဆိုပြီး တတ်ရောင်ကား အဆိုတော်ဆိုသူတွေကို ဗျူးကြပါတယ်။ သူ့အရပ်နဲ့ သူ့ဇာတ်ကတော့ အံကို ကိုက်လို့။
နိုင်ငံတော်ရဲ့ တာဝန်ရှိသူများက ထုံးစံအတိုင်း ဂျောက်ဂျက်ကို ခေါ်ယူသတိပေးပြီး နောက်မလုပ်ဖို့ ဆုံးမပါတယ်။ လွတ်လပ်မှုဆိုတာ မီးရထားသံလမ်းပေါ်မှာ အဝတ်ထွက်လှန်းတာ မဟုတ်ပေမယ့် ဒီကနေ့ မြန်မာပြည်က လူငယ်တွေ ရင်ဆိုင်နေရတဲ့ ပုံစံနဲ့ သူတို့ရဲ့ ခံစားချက်တွေတော့ နည်းနည်းလေးဖြစ်ဖြစ် နားလည်ပေးသင့်ပါတယ်။
သူတို့ဟာ တချိန်လုံးကြီးတော့ သတင်းဂျာနယ်တွေက ပြောသလို ညစ်ညမ်းသီချင်းတွေချည်းပဲ ဆိုနေကြမှာ မဟုတ်ပါဘူး။ ကိုယ်မကြိုက်တာနဲ့ လူငယ်တွေရဲ့ ခပ်ကျဉ်းကျဉ်းလေးပဲရှိတဲ့ လုပ်ပိုင်ခွင့်တွေကို ခြိမ်းခြောက်မှုတွေ၊ အကြောက်တရားတွေနဲ့ လိုက်ဖုံးအုပ်ဖို့ ကြိုးစားနေတာက အင်မတန် ရှက်ဖို့ကောင်းတဲ့ အဖြစ်ပါပဲ။
စစ်ဖိနပ်အောက်မှာ အားလုံးကို ပြားပြားဝပ်နေအောင် ထောင့်စေ့နေအောင် ဖိနှိပ်နေတဲ့ကြားက အဖိနှိပ်ခံရသူ အချင်းချင်းကိုတောင် အတို့အထောင်လုပ်ပြီး တမူး၊ တပဲသာရှိတဲ့ လွတ်လပ်ခွင့်တွေ လိုက်ပြီး ပိတ်ဆို့ဖို့ စဉ်းစားနေတဲ့ အတွေးအခေါ်ဟာ နေပြည်တော်ကပြောတဲ့ စည်းကမ်းပြည့်ဝသော ဒီမိုကရေစီနဲ့တော့ ထိုက်တန်ပါလိမ့်မယ်။
Revolution တခုဟာ ဘယ်နေရာမှာမဆို ပေါ်လာတတ်ပါတယ်။ နိုင်ငံရေး၊ စီးပွါးရေး၊ လူမှုရေး၊ ဂီတ၊ အနုပညာ စတဲ့ အလွှာအသီးသီးမှာ တချိန်မဟုတ် တချိန်တော့ ပေါ်တတ်ပါတယ်။ ဒါပေမယ့် အချိန်ကြာလာတာနဲ့အမျှ Evolution ဖြစ်ပေါ်လာပြီး သမိုင်းရဲ့တိုးတက်မှုကို သရုပ်ခွဲရတာပါ။ ကိုယ်မကြိုက်တာနဲ့ ပိတ်လိုက်ဟ၊ တားလိုက်ဟ၊ ဒါမျိုးတော့ လက်ခံလို့ မဖြစ်ဘူးဆိုတဲ့ အတွေးအခေါ်ရှိတဲ့ လူတွေဟာ ဒီမိုကရေစီရဲ့ တန်ဖိုးတွေနဲ့ ဖြောင့်ဖြောင့်ကြီး သွားနေတာဆိုတာ သတိချပ်သင့်ပါတယ်။
Underground သီချင်းတွေ ထွက်လာတာကို မကြိုက်လို့ အတို့အထောင်လုပ် သတင်းရေးလိုက်ပေမယ့် ဒီလိုသီချင်းမျိုးကို ဖန်တီးသူ၊ ကြိုက်သူ လူငယ်တွေရဲ့ ခြေလှမ်းတွေကို သင်းသပ်သလို မလုပ်သင့်ပါဘူး။ ဒီလောက်ကလေးတောင် ခေတ်အတွေးအခေါ်နဲ့ အမြင်ကျယ်မှုမရှိဘဲ သတင်းတွေနဲ့ လူသတ်နေကြပါတယ်။ အနာဂတ်မြန်မာပြည်မှာ နောင် အနှစ် ၂ဝ ကျရင် ပေါ်ထွက်လာမယ့် မျိုးဆက်ဟာ လွန်ခဲ့တဲ့ အနှစ် ၂ဝ ကလိုပဲ ခိုင်းတာလုပ်၊ ခေါ်ရင်လာ၊ ခံမပြောတဲ့ ခပ်နုံနုံ ခပ်အအ မျိုးဆက်တွေကို ဒီနေ့ဖန်တီးနေကြတယ်။
ပကတိအမှန်တရားရဲ့ ရက်စက်မှုကို မသတီဘူးဆိုရင် မြန်မာပြည်က လူငယ်တွေဟာ အကြောက်တရားရဲ့ ထောင်ထဲမှာ သူတို့ထက် အဆတရာမက အကြောက်ကြီးတဲ့ လူကြီးတွေနဲ့ ဝမ်းနည်းစရာ နေထိုင်ကြရဦးမှာပါ။ ညစ်ညမ်းသီချင်းတွေပါကွာ၊ အဆင့်မရှိဘူးဆိုရင်လည်း ''ရွှေမှုန်ကြဲတဲ့ ဖဲမွေ့ရာပေါ်ဝယ် ချစ်တလင်းဖော်မယ်'' ဆိုတဲ့ စည်းကမ်းပြည့်ဝပြီး နားခံသာတဲ့ သီချင်းများသာ ဆိုပြီး တိုင်းပြည်ကို ခင်ဗျားတို့ပဲ ချစ်ကြပါတော့။ ။
နေသန်မောင်
(နေသန်မောင်သည် ယခင်က သတင်းအယ်ဒီတာအဖြစ် တာဝန်ယူခဲ့သူဖြစ်ပြီး၊ ယခုအခါ အမေရိကန် ပြည်ထောင်စု မြောက်ကာရိုလိုင်းနား တက္ကသိုလ်တွင် ရုပ်ရှင်၊ ဗီဒီယို ထုတ်လုပ်ရေးနှင့် နိုင်ငံရေးသိပ္ပံ ဘာသာရပ်များ သင်ယူနေသူ နောက်ဆုံးနှစ် ကျောင်းသားတဦးဖြစ်သည်။)

ဒေါင်မရေ ကလိုက်ချည်သေး
ရသဆောင်းပါး
နေသန်မောင်
အင်္ဂါနေ့၊ ဇန်နဝါရီလ 13 2009 16:03 - မြန်မာစံတော်ချိန်
ဆီးနှင်းတွေ သိပ်သည်းစွာကျနေပြီး ဝါးတရိုက်အကွာလောက်ကို မမြင်နိုင်တော့တဲ့အထိ မြူခိုးတွေ အုံ့ဆိုင်းနေပေမယ့်လည်း ရွာထဲကနေ လူတွေဟာ ဆိုင်ကယ်တွေ၊ ဆိုင်ကယ်ရဲ့နောက်မှာ တွဲလျက် ချိတ်ဆွဲထားတဲ့ ပစ္စည်းတွေ ထည့်ထားလို့ရတဲ့ သုံးဘီးပါ နောက်တွဲလျက်တွေ ကိုယ်စီနဲ့ မြေနီလမ်း ကျဉ်းကျဉ်းလေးထဲကနေ ဈေးရှိရာကို ထွက်သွားနေကြပါတယ်။
အလျှိုအလျှိုပေါက်နေတဲ့ သစ်ပင်ကြီးတွေပေါ်ကနေ ဆီးနှင်းကျသံ တဖျောက်ဖျောက်နဲ့အတူ ဘန်းမိုင်ဆမားကီးရွာကလေးဟာ နိုးထအသက်ဝင်လာပါတယ်။ အာရုဏ်ကျင်း အလင်းရောင်ဟာ မြူတွေကြား မပွင့်တပွင့် ပေါ်ထွက်လာနေသလို ရွာကလူတွေကလည်း ထူးခြားတဲ့နေ့တနေ့အတွက် ရင်ခုန်စွာ သက်ဝင်လှုပ်ရှားနေကြပါတယ်။
''ဈေးသွားကြမယ်။ လိုတဲ့ဟာတွေ ဝယ်ခြမ်းပေါ့။ သိပ်မဝေးပါဘူး၊ အောက်ဖက်မှာပဲ'' လို့ ဆိုင်ကယ်ပေါ်ကနေ ကချင်လူငယ်တဦးက လေသံခပ်ဝဲဝဲနဲ့ ဗမာလို လှမ်းအော်ပြောပါတယ်။ အသက် ၆ဝ နီးပါး ကချင်အမျိုးသမီးကြီး ခမ်းအင်က ခြေတံရှည်အိမ် အပေါ်ထပ်ကနေ မျက်နှာသစ်ဖို့ သစ်သားလှေကားအတိုင်း တရွေ့ရွေ့ ဆင်းလာပါတယ်။ သူမမျက်နှာက ပွင့်လင်းတဲ့ အပြုံးချိုချိုနဲ့ နှုတ်ဆက်ပြီး မြူတွေကြားထဲ တလှုပ်လှုပ်နဲ့ ပျောက်ကွယ်သွားပါတယ်။
ရွာထဲကနေ ဈေးရှိရာကိုသွားတဲ့ ကားလမ်းမဆီ ၁၅ မိနစ်လောက် လျှောက်ရပါတယ်။ အဲဒီကမှတဆင့် ၂ ကီလိုမီတာလောက် ဝေးတဲ့ တောင်ပေါ်ဈေးလေးကို ရောက်ပါတယ်။ အနီးအနားမှာ ရှိကြတဲ့ ကချင်၊ လားဟူ၊ လီဆူး တိုင်းရင်းသားတွေ၊ တရုတ်လူမျိုးတွေ၊ ဒေသခံ ထိုင်းရွာသားတွေနဲ့ တောင်ပေါ်ဈေးလေးဟာ နံနက်စောစောမှာ ပျားပန်းခတ်မျှ လှုပ်ရှားနေပါတယ်။ မြန်မာနိုင်ငံ ရှမ်းပြည်နယ်မှာ အများဆုံးတွေ့ရလေ့ရှိတဲ့ ဒေသအစားအစာဖြစ်တဲ့ ရှမ်းတို့ဟူးရောင်းတဲ့ ဆိုင်တွေရှိကြသလို မြန်မာနိုင်ငံထွက် ဆေးပေါ့လိပ်၊ တို့ဟူး၊ ရှမ်းချဉ်၊ လက်ဖက်၊ အဝတ်အထည်တွေလည်း ရှိပါတယ်။ မြန်မာစကား ခပ်ဝဲဝဲအသံတွေ၊ ရှမ်းစကား ကချင်စကားသံတွေဟာ တောင်ပေါ်ဈေးလေးထဲမှာ လွင့်ပျံ့နေပါတယ်။
ဘန်းမိုင်စမားကီးလို့ ခေါ်တဲ့ ကချင်ရွာလေးဟာ ချင်းမိုင်မြို့ကနေ ကီလိုမီတာ ၁၄ဝ အကွာမှာရှိတဲ့ ချင်းဒေါင်းခရိုင်ထဲကဖြစ်ပြီး မြန်မာနယ်စပ်နဲ့ ၅ ကီလိုမီတာသာ ကွာဝေးပါတယ်။ အဲဒီနေ့ဟာ ထိုင်းဘုရင်မင်းမြတ်ရဲ့ ၇၅ နှစ်မြောက် မွေးနေ့ဖြစ်တာမို့ ဒီရွာမှာ ပထမဦးဆုံး ကျင်းပပြုလုပ်မယ့် မနောပွဲတော်ကြောင့် ရွာသားတွေဟာ သိပ်ကိုတက်ကြွနေပါတယ်။
''ဒီနေ့က နောက်ဆုံးနေ့လေ။ အကုန်လုံး ကကြမယ်။ ပျော်စရာကြီးပေါ့'' လို့ ကချင်မလေး လုအင်က ပြောပြပါတယ်။ ''မြန်မာပြည်က ကိုယ်နဲ့သိတဲ့သူတွေ၊ အမျိုးအဆွေတွေကိုလည်း ဖိတ်ထားကြတယ်။ လာကြတယ်။ ဒီနေ့ နောက်ဆုံးနေ့ဆိုတော့ မနောအက ပျော်ပျော်ကြီး ကမယ်လေနော့''
နေပွင့်လာချိန်မှာ မနေကွင်းရှိရာ ရွာလမ်းတိုတိုလေးထဲက ဈေးဆိုင်တန်းတွေမှာ ဒေသခံလူတွေ၊ ချင်းမိုင်မြို့က လာကြသူတွေ၊ ကမ္ဘာလှည့်ခရီးသည်တွေနဲ့ စည်ကားစ ပြုလာပါတယ်။ မနောအက ကဖို့အတွက် ကချင်ရိုးရာဝတ်စုံတွေကို ရောင်းချပေးတဲ့ ဆိုင်တွေရှိသလို ငှားတဲ့ဆိုင်တွေလည်း ရှိပါတယ်။ မညီမညာ မြေနီလမ်းပေါ် ကချင်ရိုးရာ ဝတ်စုံတွေဝတ်ပြီး တဖွဲဖွဲ ရောက်လာချိန်မှာတော့ နေက မွန်းတည့်ရောက်နေပါပြီ။
မနောပွဲအတွက် ပွဲပေးတယ်လို့ မြန်မာလို မှတ်ယူနိုင်တဲ့ ထမင်း၊ အမဲခြောက်ပြုပ်၊ ကြက်သား၊ ဂျင်းတွေကို သစ်ရွက်ဖက်နဲ့ထုပ်ပြီး ကျောမှာလွယ်ရာတဲ့ ပလိုင်းခြင်းထဲ အစီအရီ ထည့်သိုထားပါတယ်။ ပြီးတော့ အပေါ်ကနေ ပိတ်ဖြူနဲ့အုပ်ပြီး ဖုံးအုပ်ထားပါတယ်။ ''မနောအက နောက်ဆုံးပူဇော်တဲ့နေရာမှာ ဒီအစားအစာခြင်းကို ထည့်ပြီး ပူဇော်ရတယ်လေ။ မနောပွဲ အောင်မြင်ခြင်းအနေနဲ့ လုပ်တာပေါ့'' လို့ ခမ်းအင်က လက်ကလေးလှုပ်လှုပ်နဲ့ ပြောပြရှာပါတယ်။
''ဖော့မီ၊ ၃ နာရီမှာ စကမယ်တဲ့'' ဆိုပြီး ခြံဝိုင်းထဲ ဆိုင်ကယ်နဲ့ဝင်လာရင်း နော်ဂျာက ကချင်လို အော်ပြောပါတယ်။ အသက် ၁၉ နှစ်သာ ရှိသေးတဲ့ နော်ဂျာရဲ့ကိုယ်ပေါ်မှာ ကချင်ရိုးရာဝတ်စုံအပြည့်ကို ဝတ်ထားပါတယ်။ အောက်ခံအင်္ကျီအဖြူရောင်ပေါ် ကချင်ရိုးရာအဆင်နဲ့ ရက်လုပ်ထားတဲ့ နက်ခ်တိုင်၊ ပုခုံးမှာ စလွယ်သိုင်းထားတဲ့ ကချင်လွယ်အိတ်၊ ဘောင်းဘီအနက်နဲ့ ငွေရောင်ပြေးနေတဲ့ ဓားလွယ်တခု၊ ခရမ်းရောင် အနက်ရောင်အဆင်နဲ့ ရက်ဖောက်ထားတဲ့ ခေါင်းပေါင်းကို တင်ထားတဲ့ နော်ဂျာ့ရဲ့ဟန်က တက်ကြွနေပါတယ်။
''မနောဆိုတာ အထိမ်းအမှတ် တခုခုရှိတဲ့အခါ ကချင်မျိုးနွယ်စုတွေဖြစ်ကြတဲ့ ဂျိမ်းဖော၊ ရဝမ်၊ လီဆူး၊ လွန်ဗို၊ လာချစ်နဲ့ ဇိုင်ဝါးတို့ အားလုံး စုစည်းပြီး ကပြဖျော်ဖြေကြတဲ့ ပွဲတော်တခုပေါ့။ မနောအက ဘယ်ကနေ ဆင်းသက်လာသလဲဆိုတော့ အောက်ချင်းငှက်ဟာ နေနတ်မင်း ကပြတာကို ပြန်ပြီးတော့မှ ကတာကို လူတွေက အတူယူပြီး လိုက်ကကြတာပဲ'' လို့ မနောပွဲ ကပွဲမှာ ဦးဆောင်သူ ဆရာဂေါ်ဆိုင်းက ရှင်းပြပါတယ်။
သူဟာ မြန်မာနိုင်ငံ ဗန်းမော်မြို့ကနေ ထိုင်းနိုင်ငံနယ်ခြားက ကချင်ရွာလေးရဲ့ ပထမဦးဆုံးသော မနောပွဲအတွက် ဖိတ်ကြားခံရလို့ ရောက်လာသူတွေထဲက တဦးပါ။ အောက်ချင်းငှက်နဲ့ နေနတ်မင်းရဲ့အကကို လူသားတွေဆီ ပြန်ကပြတာမို့ ကချင်တိုင်းရင်းသားတွေက နမူနာယူပြီး ကကြတယ်လို့ သူက ဆက်ရှင်းပြပါတယ်။
မနောတိုင်တွေမှာ ကကွက် ၅၈ ကွက်ရှိတဲ့အနက် အဓိကကျတဲ့ ၆ ကွက်ကို ပုံဖော်ရေးဆွဲထားပြီး မနောတိုင်ရဲ့ အောက်ခြေမှာ အောက်ချင်းငှက်ကို ကန့်လန့်ဖြတ် ထည့်သွင်းထားပါတယ်။ မနောတိုင်ရဲ့ အောက်ဘက်မှာ ဖားစည်ကြီးတွေ ချိတ်ဆွဲထားပြီး မနောကတဲ့အခါ ကချင်လူငယ် ၁ဝ ယောက်လောက်က ဖားစည်ကို တချက်ပြီးတချက် အဆက်မပြတ် ထုနှက်ရပါတယ်။
''မနောအကကို တရက်ထဲလည်း ကလို့မရဘူး။ လုံးဝလည်း အမှားမခံဘူး။ မှားရင် ပွဲအထမမြောက်ဘူး။ အနည်းဆုံး ၄-၅ ရက်တော့ ကရတယ်။ နောက်ဆုံးနေ့မှာ လက်ကျန်ကကွက်ကို ပုံဖော်ကရတယ်။ တခါကရင် ၂ နာရီကျော်လောက် ကြာတတ်တယ်ဗျ'' လို့ ဆရာ ဂေါ်ဆိုင်းက ရှင်းပြပါတယ်။
ကချင်မျိုးနွယ်စုတွေရဲ့ ပထမဆုံး မနောပွဲဟာ လွန်ခဲ့တဲ့ နှစ်ပေါင်းများစွာက ကချင်အကြီးအကဲဖြစ်တဲ့ ဒူမရစ်ဝါခွန်းဂျာက ချိုင်ခုမဂျောမှာ စတင်ခဲ့တာလို့ အဆိုရှိပါတယ်။ နောက် သူရဲ့သားဖြစ်သူ ဆွတ်မဒူးဟာ နော်ရယောင်မှာ ဒုတိယမြောက် မနောပွဲကို ဦးဆောင်ကျင်းပခဲ့ပါတယ်။ ပုံမှန်အားဖြင့်တော့ ကချင်ရိုးရာ မနောပွဲတော်ကို ကချင်ပြည်နယ်မှာ ပြုလုပ်ကြသလို တရုတ်နိုင်ငံ ရင်ဂျန်း၊ မန်ရှီ၊ ရွှေလီနဲ့ ကူမင်း စတဲ့ အရပ်တွေမှာ ပြုလုပ်ကြပါတယ်။ ဒါ့အပြင် အိန္ဒိယနိုင်ငံ အာသံနယ်က တင်ဆူကီးယားနဲ့ မာဟီရီတာတို့မှာ ပြုလုပ်လေ့လည်း ရှိပါတယ်။
ကချင်မျိုးနွယ်စုတွေ အားလုံးဟာ နှစ်ပေါင်းများစွာ ဝေးကွာနေကြတဲ့ မိတ်ဆွေ၊ သူငယ်ချင်း၊ ဆွေမျိုးတွေကို မနောပွဲမှာသာ ပြန်လည်ဆုံတွေ့နိုင်ကြတာမို့ သူတို့အတွက်တော့ အထူးခြားဆုံးနဲ့ အထင်ရှားဆုံးလည်း ဖြစ်ပါတယ်။ အရင်ကာလတွေတုန်းကတော့ မနောပွဲတော်ဟာ ရိုးရာဓလေ့အရ နတ်တွေကို ယစ်ပူဇော် ပသတဲ့ အခမ်းအနားကြီး ဖြစ်ခဲ့ပြီး၊ ဒီကနေ့ခေတ်မှာတော့ နတ်ဘုရားတွေကို အကနဲ့သာ ဖျော်ဖြေကြတဲ့ လူမှုရေး ပွဲတော်ကြီးတခု ဖြစ်လာခဲ့ပါတယ်။
ကချင်မျိုးနွယ်စုတွေဟာ မွန်ဂိုလီးယားတောင်တန်းတွေဆီက ခရစ်တော်မပေါ်ခင် နှစ် ၂ဝဝ လောက်ကနေ တိဘက် ကုန်းပြင်မြင့်တွေဆီ ပြောင်းရွှေ့လာခဲ့ပါတယ်။ အဲဒီကမှတဆင့် ဟိမဝန္တာတောင်တန်းနဲ့ မြန်မာပြည် မြောက်ဖျားပိုင်းက မြေပြန့်လွင်ပြင်ပေါများတဲ့ ကချင်တောင်တန်းတွေဆီ ၈ ရာစုခန့်မှာ ပြောင်းလာခဲ့ပြန်ပါတယ်။ အိန္ဒိယပိုင် အာသံနယ်အထိ ရောက်ပြီး အဲဒီမှာ အခြေချနေထိုင်တဲ့ ကချင်တွေကို ချိန်ဖို၊ တိဘက်နဲ့ ယူနန်နယ်တဝိုက်မှာ ကျန်ခဲ့တဲ့ မျိုးနွယ်တွေကို ဂျင်ဖိုလို့ ခေါ်ကြပြီး မြန်မာပြည် ရှမ်းပြည်မြောက်ပိုင်းနဲ့ ကချင်ပြည်ထဲက မျိုးနွယ်တွေကိုတော့ ဂျိမ်းဖောလို့ ခေါ်ကြပါတယ်။
ကချင်မျိုးနွယ်စုတွေဟာ ဘယ်လိုအခါသမယမျိုးမှာ မနောပွဲကို ကျင်းပကြသလဲ၊ ပြီးတော့ ဘာအတွက်ကြောင့် ကျင်းပကြတာလဲ။
''မနောပွဲက လုပ်ချင်တိုင်း လုပ်မရဘူးဗျ။ တနှစ်တခါ လုပ်ရမယ်ဆိုတာလည်း မရှိဘူး။ ပြောရရင် တိတိပပ သတ်မှတ်ထားတာမျိုး မဟုတ်ဘူးပေါ့။ မနောပွဲဆိုတာ မျိုးနွယ်စုတခုထဲက၊ လူတယောက်ထဲကနေ လုပ်ချင်းတိုင်းလည်း လုပ်လို့ မရဘူး။ အားလုံး အားလုံး တစိတ်တဝမ်းထဲ ရှိကြပြီး အထမ်းအမှတ် တခုခုဆိုမှ လုပ်ကြတာ။ အရင်တုန်းကတော့ မျိုးနွယ်စု အကြီးအကဲ၊ ဒါမှမဟုတ် ဘာသာရေးဆရာ အကြီးအကဲရဲ့ ၂၅ နှစ်မြောက်တို့၊ နှစ် ၅ဝ မြောက်တို့မှာဆိုရင် အကြီးအကျယ် လုပ်ကြတယ်။ ငြိမ်းချမ်းရေး မနောပေါ့နော့။ စစ်အောင်နိုင်တဲ့ အက ကတဲ့ မနောဆိုတာလည်း ရှိသေးတယ်။ ကောက်သစ်စားပွဲလို ရာသီဥတုကောင်းပြီး မျိုးနွယ်စုတွေအကုန် ကြီးပွားချမ်းသာကြဖို့အတွက်ဆိုပြီး လုပ်တဲ့ မနောပွဲမျိုးလည်း ရှိတယ်"' လို့ ပူတာအိုဇာတိသား ဦးယောနသန်က ဆိုပါတယ်။
နေပြင်းပြင်း ပူလှတဲ့အောက်မှာ မနောကွင်းတား လူတွေ ရုံးစုရုံးစု ဖြစ်စပြုနေပြီ။ အစဉ်အလာတွေအတိုင်း ဆိုရင်တော့ မနောပွဲမှာ မပါမဖြစ် အရေးကြီးတာက ခေါင်ရည်ပါ။ မနောကွင်းထဲမှာ ခေါင်ရည်ကို ဝါးဆစ်ပလိုင်းတွေထဲ အလျှံအပယ်ထည့်ထားပြီး ချွေးသံရွှဲရွှဲနဲ့ မနောကလိုက်၊ ခေါင်ရည်တကျိုက်သောက်လိုက် ရှိကြစမြဲပေမယ့် ထိုင်းနယ်စပ် ရွာကလေးရဲ့ မနောပွဲမှာတော့ ခေါင်ရည်ကို ပေါ်ပေါ်ထင်ထင် တွေ့ရခဲပါတယ်။
အသက် ၃ဝ ဝန်းကျင် အမျိုးသားတွေကတော့ အိမ်မှာ တနိုင်တပိုင် ကိုယ်တိုင်ချက်လုပ်ထားတဲ့ ခေါင်ရည်ကို အိမ်ဝိုင်းထဲမှာ သောက်ကြပြီး ပွဲခင်းထဲကိုတော့ ယူခွင့်ပိတ်ထားပါတယ်။ ဆန်၊ ကောက်ညှင်းနဲ့ ရိုးရာအတိုင်း ချက်ထားတဲ့ ကချင်ခေါင်ရည်ဟာ အလည်ရောက်လာတဲ့ နိုင်ငံခြားသားတွေကိုတော့ အတော်ကလေး ဆွဲဆောင်နိုင်ပါတယ်။
မနက်ခင်းက အအေးဓာတ်တွေ လုံးဝလွင့်စင်ပျောက်ကွယ်နေပြီဖြစ်တဲ့ မနေအက စတင်ချိန် နီးလာတဲ့အခါ အပူရှိန်က အတော်ပြင်းနေပါပြီ။ နေမြင့်လာပေမယ့် ထူထူထဲထဲ ကချင်ရိုးရာ ဝတ်စုံတွေဝတ်ထားတဲ့ တိုင်းရင်းသူတွေကတော့ အပြုံးဝင့်ဝင့်ရှိဆဲ။ ငွေရောင်၊ ဘော်ရောင် အဖြူဝိုင်းကြီးတွေကို အင်္ကျီအနက်ပေါ်က ရင်ဘတ်မှာ ချိတ်ဆွဲထားပြီး ခေါင်းမှာတော့ ဂျိမ်းဖောဝတ်စုံ ခေါင်းပေါင်းအနီနဲ့ အနက်ဟာ သူတို့ရဲ့အပြုံးတွေနဲ့ ပနံရနေပါတယ်။
မနောကွင်းထဲ နှစ်ယောက်တတွဲ ယှဉ်တွဲဝင်ပြီး တန်းစီကြတဲ့အခါ ရှေ့ဆုံးက အကဦးဆောင်သူ နော်ရှောင် အမျိုးသားကြီး ၆ ယောက် (တဖက် ၃ ဦးစီ) က လက်မှာ ဓားကို ညာဘက်နဲ့ကိုင်၊ ဘယ်ဘက်က ဓားဦးပြာကိုကိုင်ပြီး ခန္ဓာကိုယ်ကို ဖားစည်သံ တဒုံဒုံအတိုင်း ဘယ်ညာယိမ်းပြီး ကွင်းထဲစဝင်ပါတယ်။ နော်ရှောင်တွေက အဝါရောင် ဝတ်ရုံရှည်ကြီးတွေကို ဝတ်ဆင်ထားပြီး ဝတ်ရုံပေါ်မှာ ဥဒေါင်းရုပ်၊ အောက်ချင်းငှက်ရုပ်နဲ့ အခြားငှက်တွေရဲ့ ပုံတွေကို အစိမ်းရောင်နဲ့ ချယ်သရေးဆွဲထားပါတယ်။ ဦးခေါင်းမှာ ဒေါင်းမွေးတွေကို ထောင်ထားပြီး တောဝက်အစွယ်တွေကို အောက်ခြေမှာ အကျအန တပ်ဆင်ထားတဲ့ ဦးပေါင်းတွေကို ဆင်ယင်ထားပါတယ်။
အမျိုးသမီးတွေက လက်ကိုင်ပုဝါအဖြူကို တြိဂံပုံကိုင်၊ အမျိုးသားတွေက ညာဘက်က ဓားကိုကိုင်ပြီး ရှေ့ဆုံးက နော်ရှောင်တွေရဲ့ အကအတိုင်း တလှမ်းမကွာ ကခုန်ပြီး မနောကွင်းထဲမှာ အကတွေ တစတစ ပီပြင်လာပါတယ်။
မနောတိုင်တွေ ရေးဆွဲထားတဲ့ ကကွက်၊ ကဟန်တွေအတိုင်း ရှေ့က ဦးဆောင်သူတွေဟာ ပုံဖော်ပြီး ကွင်းကို စတင်ပတ်ပါတော့တယ်။ နော်ရှောင် ၆ ဦးအနက် ၄ ဦးဟာ အကတန်းရှည်ကြီးကို ၄ တန်းဖြစ်သွားအောင် ခွဲထုတ်ပြီး ဆက်လက်ပုံဖော်နေစဉ်မှာ ကျန် ၂ ဦးက ကွင်းစပတ်ပါတယ်။ သီးခြားစီဖြစ်သွားတဲ့ အကတန်းရှည်ကြီး ၄ တန်းဟာ ကွင်းတပတ်ပြည့်တိုင်း မနောတိုင်ရှေ့မှာ ပြန်ဆုံလိုက်၊ ပြန်ခွဲထုတ်လိုက်နဲ့ လှလှပပ စီစီရီရီ ကကွက်ကို ပုံဖော်ကြပါတယ်။ တနာရီကျော်လာတဲ့အခါ လူတွေဟာ မောဟိုက်စပြုလာတယ်။ စက်ဝိုင်းပုံ ရစ်ခွေပြီး ကတဲ့အခါ တခြားတဖက် လူတန်းနဲ့ ဆုံလိုက်၊ နှုတ်ဆက်စကားပြောလိုက်နဲ့ စည်သံ တဒုံဒုံကြားမှာ ကကွက်ဟာ သွက်လာလိုက် အရှိန်လျော့သွားလိုက် ဖြစ်နေပါတယ်။
နေပူရှိန် ကျဆင်းလာတာနဲ့အမျှ မနောကကွက်တွေဟာ ပိုပြီး သွက်သွက်လက်လက် ဖြစ်လာကြပါတယ်။ မကြာခင်မှာ ပြီးဆုံးတော့မယ့် မနောပွဲတော်ကြီးအတွက် စိတ်အားတက်ကြွမှုတွေနဲ့ တီးခတ်နေတဲ့ ဖားစည်သံက ရိုက်ချက်တွေဟာ ပိုပြီးမြူးလာတယ်လို့ ထင်ရပြီး မနောပျိုဖြူတွေကလည်း ချွေးပေါက်တွေကြားက အပြုံးတွေက လှပနေဆဲ။
မနောတိုင်ဆီ နောက်ဆုံးအခေါက် ဦးတိုက်ပြီး အစားအစာတွေ ထည့်ထားတဲ့ ခြင်းပလိုင်းကို ကချင်အမျိုးသမီးကြီး ၃ ဦးက မနောတိုင်အောက်ခြေက မြေပြင်မှာချ၊ အကဦးဆောင်သူ နော်ရှောင်တဦးက သူ့ရဲ့ခြေတဖက်ကို ခြင်းတောင်းပေါ်တင်ရင် ကချင်ဘာသာနဲ့ ဆုတောင်းသံတွေ ထွက်လာပါတယ်။ အဲဒီနောက် ကွင်းထဲကနေ လာလမ်းအတိုင်း ပြန်ထွက်သွားပြီး အနောက်ဘက်မှာရှိတဲ့ ရိုးရာခြေတံရှည် အိမ်ကြီးပေါ် တက်သွားတဲ့အချိန်မှာပဲ မနောကပွဲကြီး ပြီးဆုံးသွားပါတယ်။
ည ၈ နာရီမှာ စတင်မယ့် ထောင်ကာ အကနဲ့ အဆိုတော် ကေဂျာနူးနဲ့ အဆိုတော် ၄ ဦးရဲ့ ဂီတဖျော်ဖြေပွဲနဲ့အတူ ဘန်းမိုင်စမားကီး ကျေးရွာလေးရဲ့ ပွဲတော်က အဆုံးသတ်တော့မှာ ဖြစ်ပါတယ်။ ပွဲတော်ရက်အတွင်း မငြိမ်းဘဲထားတဲ့ မနောမီးပုံကို ငြှိမ်းသတ်ရဦးမှာပါ။
ချင်းဒေါင်းခရိုင်ထဲက ဘန်းမိုင်စမားကီး ကျေးရွာလေးကို ၁၉၇၆ ခုနှစ်လောက်ကစပြီး မြန်မာပြည်ဘက်က ကချင်လူမျိုးတွေက ရှမ်းပြည်နယ် မိုင်းတုံမြို့ကနေ နယ်စပ်ကိုဖြတ်ပြီး ရောက်လာခဲ့ကြတာ ဖြစ်ပါတယ်။ သူတို့တွေကို ဦးဆောင်လာခဲ့သူကတော့ မာရစ်နော်ဆိုသူ ကချင်အမျိုးသားကြီးတဦး ဖြစ်ပါတယ်။ ၁၉၈ဝ ပြည့်နှစ်မှာ ထိုင်းဘုရင်ရဲ့ တောင်တန်းဒေသ ဖွံ့ဖြိုးရေးစီမံချက်အရ ဘန်းမိုင်စမားကီးဟာ လူမှုဖွံ့ဖြိုးရေးတွေ ပေါ်လာပြီး အထူးဒေသအဖြစ် ခွင့်ပြုချက်နဲ့ နေထိုင်ခွင့် ရလာခဲ့ပါတယ်။
၁၉၈၄ ခုနှစ်မှာ မိဖုရားကြီး သီရိခေတ်ကိုယ်တိုင် ဒီရွာကလေးကို ရောက်လာပြီး ကချင်တိုင်းရင်းသားတွေကို တရားဝင်နေထိုင်ခွင့် (တောင်ပေါ်သားလက်မှတ်) ပေးခဲ့ပါတယ်။ ''အရင်ကတော့ ကျနော်တို့ကိုယ်ကျနော်တို့ လားဟူတွေလို့ လိမ်ပြောထားရတယ်၊ တောင်ပေါ်သားကတ်မှာလည်း လားဟူတွေလို့ပဲ ဖော်ပြထားတယ်၊ အခုတော့ ကျနော်တို့မှာ ကိုယ်ပိုင်ရိုးရား "လေ့ယဉ်ကျေးမှုတွေ ရှိပါတယ်။ ကျနော်တို့ဟာ ကချင်တွေပါလို့ ဘုရင်ကို ဖွင့်ပြောပြီးတော့မှာ အခုလို ကချင်တွေအဖြစ် တရားဝင် နေခွင့်ရသွားတာလေ'' လို့ ဇော်အောင်က ဆိုပါတယ်။
နောက်ပိုင်း ထိုင်းဘုရင်နဲ့ မိဖုရားဆီ ကချင်ရိုးရာ ဝတ်စုံနဲ့ လက်မှုပစည်းတွေကို လက်ဆောင်ဆက်ခဲ့ပြီး၊ ကချင်တိုင်းရင်းသားတွေအဖြစ် အသိအမှတ်ပြု ခံရသလို အခုလို ရိုးရာအကနဲ့လည်း ဖျော်ဖြေခွင့်ရခဲ့တယ်လို့ ဇော်အောင်က ဆက်ပြောပြပါတယ်။
ဒီရွာလေးမှာ လူဦးရေ ၄၈၇ ဦးနေတဲ့ အိမ်ခြေ ၆၈ ခုရှိပြီး အဓိကအားဖြင့် ပြောင်းနဲ့မြေပဲကို စိုက်ပျိုးကြပါတယ်။ အဲဒီအတွက် အစိုးရဆီက အမတော်ကြေး ချေးငွေတွေ ရကြပါသေးတယ်။ ကချင်တိုင်းရင်းသားတွေရဲ့ ရိုးရာအစဉ်အလာတွေကို ထိန်းသိမ်းတဲ့အနေနဲ့ မနောပွဲကြီး ကျင်းပဖြစ်ခဲ့တာကြောင့် သူ သိပ်ကို ပျော်တယ်လို့ အသက် ၇ဝ ကျော်ပြီဖြစ်တဲ့ တိန့်ရိုင် (အမေကြီး) က ရိုးရာဝတ်စုံကို ချွတ်လဲရင်း ဆိုပါတယ်။
''အမေတို့ သိပ်ဝမ်းသာတာပဲ။ မောပေမယ့်လည်း ကရတာပဲ။ ကချင်လွန်းလို့ကို မရောက်ရောက်အောင် လာခဲ့ရတာပေါ့။ ဝမ်းသာတယ်။ ဝမ်းသာတယ်'' လို့ မြန်မာလို တတွတ်တွတ်ဆိုပါတယ်။ အမေကြီးက ဗန်းမော်ကနေ ရှမ်းပြည်တလျှောက်၊ နောက် နယ်စပ်ကိုဖြတ်ပြီး ဒီရွာရဲ့ မနောပွဲကို လာနွှဲသူပါ။ နောက်တခါဆိုရင် ဆွေမျိုးတွေကိုပါ ခေါ်ခဲ့ဦးမယ်လို့ ဆိုပါသေးတယ်။ ''အမေတို့က အသက်ကြီးပြီ။ ကိုယ့်ဇာတိမှာပဲ ပြန်ပြီး ခေါင်းချတော့မယ်''
ညက မှောင်လာတာနဲ့ နှင်းတွေ တဖွဲဖွဲကျလာသလို ငြိမ်းလုဆဲဆဲ မနောမီးပုံလေးဟာ နှင်းစက်တွေကြားထဲ တငွေ့ငွေ့ လောင်းကျွမ်းနေဆဲ။ ကချင်သီချင်းသံတွေ လွင့်ပျံ့နေတဲ့ ရွာကလေးထဲက စတိတ်ရှိုးဆီက အသံတွေဟာ ခပ်ဝေးဝေးက တောင်တန်း စိမ်းညို့ညို့တွေဆီထိ မျောလွင့်နေဆဲ။
အနွေးထည်ကို ရင်ဘတ်အထိ ဆွဲစေ့ရင်း ပွဲခင်းထဲရောက်နေတဲ့ နော်ဂျာက နောက် ၃ နှစ်ကျရင် နောက်တခါ မနောကဦးမယ်ဗျလို့ မြန်မာသံဝဲဝဲနဲ့ ပြောပါတယ်။ ''အမေက ဒီရွာမှာပဲ နေတော့မယ်လို့တော့ ပြောတယ်။ ထိုင်းစကားသင်ရဦးမယ်လေ။ ကျောင်းတက်ဖို့ပေါ့''
ဂျပ်ခုတ်သံတွေ မကြားရပေမယ့် ကချင်စကားသံ၊ သီချင်းသံလေးတွေ လွင့်မျောနေတဲ့ ဘန်းမိုင်စမားကီးဟာ ပြောင်းလဲမှုတွေကြားမှာ တဖြည်းဖြည်း ရွှေ့လျားနေပါတယ်။
''ခေါင်ရည်မရှိပေမယ့် မနောအကနဲ့တင် ချာချာလည် မူးပါတယ်ဗျာ''
နေသန်မောင်
(အယ်ဒီတာမှတ်ချက်။ ။ မနောပွဲတော် ကျင်းပခဲ့သည့် ကာလမှာ ၂ဝဝ၂ ခုနှစ်၊ ဒီဇင်ဘာလဖြစ်ပါသည်။ ကိုနေသန်မောင်က ယခု ရသဆောင်းပါးကို ထိုစဉ်က တည်ရှိခဲ့သော အမြင်သစ်အွန်လိုင်းနှင့် ဂျာနယ်တွင် ဖော်ပြခဲ့ပြီးဖြစ်သည်။)

Thursday, August 21, 2008
ကျနော်နှင့် အတိတ် မှန်ကူကွက်များ
နေသန်မောင်
ကြာသပတေးနေ့၊ သြဂုတ်လ 07 2008 16:52 - မြန်မာစံတော်ချိန်
http://www.mizzimaburmese.com/songpa/1501-2008-08-07-10-36-25.html
၁၉၈၈ မတ်လရဲ့ ပူပြင်းလှတဲ့ နွေရာသီဟာ (၅) တန်းကျောင်းသား ကျနော့်ရဲ့ အတန်းတင် စာမေးပွဲကြီး ဖြေနေရချိန် ဖြစ်ပါတယ်။ စာမေးပွဲ နောက်ဆုံးရက်တွေမှာ ကျောင်းသားတွေကို မိသားစုဝင်တွေက ဂရုတစိုက် လာရောက် စောင့်ကြိုကြလေ့ ရှိပေမယ့် အဲဒီနေ့က အမေ့မျက်နှာဟာ တမူထူးခြားနေတယ်။ အမေ့မျက်နှာပေါ်မှာ ကျနော် စာမေးပွဲ ကောင်းကောင်းမှ ဖြေနိုင်ပါ့မလား ဆိုတဲ့ပုံမျိုး ပူပန်နေတာထက် တစုံတခုက ပိုကဲနေပါတယ်။ အမေ ဘာတွေများ စိုးရိမ်နေတာလဲ။ အဖေ အိမ်ပြန်မရောက်သေးလို့လား။ ဒါမှ မဟုတ် ....။
သားဖြေနိုင်ရဲ့လား ဆိုတဲ့မေးခွန်းက အမေရဲ့မေးနေကျ မေးခွန်းဖြစ်ပေမယ့် ဒီနေ့မှာ အမေ မမေးတော့ဘဲ အိမ်အမြန် ပြန်ရအောင်သား တဲ့။ တခုခုတော့ မှားနေပြီ အမေ။ ဆရာမကလည်း ပြောလိုက်တယ် ... မနက်ဖြန်ဖြေရမယ့် နောက်ဆုံး တဘာသာကို လာဖြေစရာ မလိုတော့ဘူးတဲ့။ အိမ်အပြန် လမ်းတလျောက် အမေစကားတစ်ခွန်းမှ မပြောဘူး။ မနက်ဖြန်ကျန်တဲ့ တစ်ဘာသာကို မဖြေရလို့ စိတ်ပေါ့ပါးနေရမယ့်အစား (၁၁)နှစ်သား ကျနော်ရဲ့ရင်ထဲမှာ တစ်စုံတခုကြောင့် လေးလံနေခဲ့ပါတယ်။
လှည်းတန်းလမ်းဆုံကိုဖြတ်ပြီး အိမ်ပြန်ခဲ့ရတဲ့ အဲဒီနေ့ရဲ့ခံစားမှုက အိမ်ပြန်ရောက်မှ ကောလိပ် ကျောင်းသူ အမရဲ့ ကန်ဘောင်ပေါ်က နွေအိပ်မက်ဆိုးကို ကြားလိုက်ရတယ်။ ဆံပင်တွေ ဖွာရာကျဲနေတဲ့ အမရဲ့ မျက်နှာပေါ်က ကြောက်ရွံ့တုန်လှုပ်မှုက ရင်ထဲမှာ သိမ့်ခနဲ ...။
+++++
ဘန်ကောက် ဒွန်မောင်း လေဆိပ်ထဲကနေ ဂျပန်နိုင်ငံ နာဂိုရာ လေဆိပ်ဆီ ဦးတည်ပျံသန်းမယ့် (ှသကအ့နျေအ) လေကြောင်းပေါ်က ထိုင်ခုံမှာ ထိုင်လိုက်တဲ့အခါ ရင်ထဲမှာ သိမ့်ခနဲ။ ဒီတခါတော့ အပြီး နှုတ်ဆက်ရမယ့် အချိန်ရောက်ပြီ။
မျက်လုံးတွေကို မှိတ်လိုက်ပေမယ့် ကျိန်းစပ်နေတဲ့ မျက်လုံးတွေက စူးအောင့်နေပေမယ့် အိပ်မပျော်။ ဒီတခါ သွားရမယ့် ခရီးက အိမ်ကထွက်ခဲ့တဲ့ လွန်ခဲ့တဲ့ (၆) နှစ်က ခရီးထက် ပိုပြီး ဝေးတယ်။ အမေ့အိမ်က ထွက်ခဲ့တဲ့ အချိန်ကစပြီး ကျနော် မနားတမ်း ခရီးတွေ သွားနေဆဲ။ အမေ့သား အလည် လွန်နေပြန်တယ်။
လေယာဉ်က ကောင်းကင်ပေါ် အရှိန်ပြင်းပြင်းနဲ့ ထိုးတက်သွားတယ်။ လှိုက်ခနဲ ... လှိုက်ခနဲ။ ကျနော် ၀မ်းနည်းနေတယ်။ ကျနော် ချစ်တဲ့သူတွေနဲ့ ခွဲရပြန်ပြီ။ ဒီတကြိမ် ကျနော် ထားခဲ့ရမှာက ကျနော်ချစ်တဲ့ အမေ တယောက်တည်းကို မဟုတ်တော့ဘူး။ လွန်ခဲ့တဲ့ (၆) နှစ်က ဒေါနတောင်တန်းတွေမှာ ခံစားရတဲ့ ခံစားချက်နဲ့ အတူတူပေါ့။ ချစ်သူကို၊ တိုင်းပြည်ကို၊ သူငယ်ချင်းတွေကို ထာဝရ ခွဲခွါရပြီဆိုတဲ့ အသိနဲ့ ဒေါန တောင်တန်းတွေပေါ်က ကားတစင်းရဲ့ ခေါင်မိုးပေါ်က မျက်ရည်တွေနဲ့ ဒီတစ်ခါ ကျတဲ့မျက်ရည်ကလည်း သိပ်မကွာဘူး။
နည်းနည်းလေး ဝေးတဲ့နေရာကနေ ပိုပြီးဝေးတဲ့နေရာကို သွားရတာမို့ ဒီတခါအလွမ်းက ဆောင်းအိပ်မက်တွေထက် ပိုပြီး အေးစက် အထီးကျန် ဆန်လှပါတယ် အမေ။ အမေကတော့ မှာရှာပါတယ်။ သား ကျောင်းပြန်တက်ပါတဲ့။
++++
သားကျောင်းပြန်တက်ရမယ်လို့ အမေပြောတော့ ကျနော် ပျော်သွားတယ်။ ဒီတခါဆို ကျနော် (၆) တန်း ကျောင်းသားကြီး ဖြစ်ပြီပေါ့။ အဖြူအစိမ်းဝတ် ကျောင်းသားတယောက်ရဲ့ ရှေ့မှာ ဘာတွေရှိနေမလဲဆို အမေ မသိပေမယ့် အမေသိတာ တခုတော့ ရှိတယ်။ ဇွန်လ ရန်ကုန်မိုးက အငြိုးသည်းပေမယ့် အမေ့ရင်ထဲက အပူတွေကို မငြိမ်းသတ်နိုင်ဘူးထင်ရဲ့။ အမတို့ကျောင်းလည်း ပြန်ဖွင့်တော့မယ်တဲ့။
ဒီတခါ ကျောင်းပြန်သွားရတယ် ကျနော်ပျော်တယ်။ ကျောင်းမှာ စာကောင်းကောင်း မသင်ဘူး။ နေ့လည် ကျောင်းလွှတ်ချိန်ရောက်ရင် လှည်းတန်းလမ်းဆုံမှာ ရန်ကုန် တက္ကသိုလ်ထဲကနေ အမနဲ့အတူ ကျောင်းသားတွေ စုရုံးစုရုံးနဲ့။ သူတို့ဝေတဲ့ စာရွက်တွေ စုစုပြီး လွယ်အိပ်ထဲ သိမ်းထားရတဲ့ အလုပ်ဟာ (၆) တန်း ကျောင်းသားတယောက်ရဲ့ မဟာတာဝန်ကြီးတခု။
နောက်တော့ ကျနော်လည်း ဖွဲ့လိုက်ကြတဲ့ သမဂ္ဂပေါင်းများစွာရဲ့ အဖွဲ့ဝင်တဦး။ အထက်တန်းကျောင်းသား အကိုတွေနဲ့အတူ ရန်ကုန်မြို့ရဲ့ လမ်းမကြီးတွေပေါ် လမ်းလျှောက်ရတာကိုက အရသာ။ ဆေးရုံကြီးရှေ့မှာ ထမင်းထုပ်တွေစား၊ အဖွဲ့အသီးသီးက ဝေငှကြတဲ့ ကြေညာချက်တွေ၊ စာစောင်တွေ၊ ကြွေးကြော်သံတွေပါတဲ့ စာရွက်တွေကို သေသေချာချာ ဖိုင်တွဲပြီး ကျောင်းလွယ်အိပ်ထဲမှာ သိမ်း၊ အိပ်ခါနီးရင် ရေဒီယို နားထောင်နေတဲ့ အိမ်သားတွေ ကြားထဲမှာ ၀င်ထိုင်ပြီး ရေးထားသမျှတွေ အကုန်ဖတ်၊ ကြားသမျှတွေ အကုန်နားထောင်။ မနက်ဖြန်ဆို သူငယ်ချင်းတွေကို သတင်းတွေ ပြန်ပြောရမယ်။
ကျနော်တို့ အိမ်ရှေ့က ပြည်လမ်းမကြီးဟာ နေ့စဉ် ထောင်နဲ့ချီတဲ့ လူတွေနဲ့ ပြည့်နှက်နေကျ။ ကျနော်တို့လို ကျောင်းသားငယ်တွေကလည်း သီချင်းတွေဆိုပြီး ချီတက်ကြ၊ ကြွေးကြော်သံတွေ တိုင်ကြနဲ့ ... မဆလ တံတိုင်းကြီးကို ခေါင်းနဲ့ ၀င်ဆောင့်ကြတယ်။
ကျောင်းမှာ မသင်တဲ့ ဦးနေ၀င်းအကြောင်း ကျနော် ပိုသိလာတယ်။ သူများတွေ မုန်းသလို ကျနော်လည်း ဦးနေ၀င်းကို မုန်းတယ်။
ကျနော် အရမ်းအားကျခဲ့တဲ့ စစ်သားတွေက ကျနော် ချစ်တဲ့သူတွေကို သေနတ်တွေနဲ့ ပစ်သတ်တယ်။ ညအိပ်ရာဝင်တိုင်း နောက်တနေ့အတွက် အမြဲလိုလို တက်ကြွနေတယ်။ နောက်နေ့လည်း မြို့ထဲဘက်ကို ချီတက်ကြဦးမှာ။ ဒီမိုကရေစီ ရတော့မယ်တဲ့။ ကျနော် ကျောင်းမတက်ရတာကိုပဲ ပျော်နေတယ်။
ဘာတွေ ဆက်ဖြစ်မယ်ဆိုတာ မသိနိုင်သေးပေမယ့် နေတိုင်း လမ်းမတွေပေါ် လူတွေ ပြည့်နေတာကို မြင်ရတဲ့အတွက် သဘောကျတယ်။ မနက်သတင်းစာ၊ ညနေခင်း သတင်းစာတွေကို တွေ့ရပြီ။ နေ့နေ့ညည သတင်းတွေဖတ်၊ မှတ်စုထဲ ပြန်ကူးချရေးနဲ့ ကျနော် အလုပ်ရှုပ်နေခဲ့တယ်။
++++
နေ့တိုင်း သတင်းတွေရေး၊ သတင်းတွေ လိုက်နေရတဲ့ ဘ၀ကို ရင်ခုန်တယ်။ ဒါပေမယ့် ထိုင်းနိုင်ငံမှာ ကျနော်အတွက် တကယ်ပဲ အနာဂတ်မရှိဘူး။ ကျနော် ထိုင်းစကား မပြောတတ်ဘူး။ ပြီးတော့ ထိုင်းရဲတွေကို ကျနော် ကြောက်တယ်။ ဒါပေမယ့် ကျနော် သတင်းစာတွေကို ချစ်တယ်။ ထောင်က ထွက်လာတဲ့ ကျနော့် သူငယ်ချင်းတွေက ကျနော်သတင်းစာ ထုတ်နေတာကို သိပ်သဘောကျတယ်လို့ ပြောတယ်။ ကျနော်လည်း စာတွေ၊ သတင်းတွေ ရေးပြီး အသက်ရှင်ရတာ ပိုပြီး အဓိပ္ပါယ် ရှိတယ်လို့ ထင်တယ်အမေ။
သတင်းတွေနဲ့ အသက်မွေးရမယ်လို့ ဘယ်တုန်းကမှ အိပ်မက်မမက်ခဲ့ပေမယ့် သတင်းစာသမား ဖြစ်ရတဲ့အတွက် ကျနော် ဂုဏ်ယူတယ်။ ထိုင်းနိုင်ငံဟာ ကျနော့် နိုင်ငံမှ မဟုတ်ဘဲ။ ဒါပေမယ့် အိမ်နဲ့ နီးနီးနေရသလို ခံစားရတဲ့အတွက် ကျနော် သိပ်မလွမ်းဘူး။
ကျနော် ညတိုင်း အမေကြည့်နေတဲ့ မြန်မာ့ ရုပ်မြင်သံကြားကို ကြည့်တယ်။ အမေကြိုက်တဲ့ ကိုရီးယားကားတွေကိုလည်း ကျနော် ကြိုက်ပါတယ်။ ချင်းမိုင်မှာ ရှိတဲ့ ကျနော့်ဆီ အကိုက လာလည်တယ်။ ပြီးတော့ ကျနော့်တို့တတွေ ထမင်းအတူတူ စားကြတယ်။ တီဗီအတူတူ ကြည့်ကြတယ်။ မြန်မာဝန်ကြီးချုပ်က ဒေါ်အောင်ဆန်းစုကြည် နယ်လှည့်စည်းရုံးရေး ခရီးစဉ်တွေ ဆင်းတဲ့အတိုင်း သူသွားလေရာမှာ လူစုလူဝေးနဲ့ ကားရပ်ပြီး ဒေသခံပြည်သူတွေကို လက်ဆွဲ နှုတ်ဆက်တာတွေ တီဗီမှာ မြင်ရတယ်။
ဒီမိုကရေစီ ဘယ်တော့ရမလဲ ကျနော်တကယ် မသိဘူး အမေ။
++++
ဒီမိုကရေစီရရှိရေး ဆိုတဲ့ ကြွေးကြော်သံတွေက ဧရာမ လူလှိုင်းလုံးကြီးတွေ ဆီကနေ လိမ့်လိမ့်ဆင်းလာနေတာ ကြက်သီမွေးညှင်း ထစရာ ကောင်းလောက်တယ်။ မြင်သမျှ နေရာတိုင်းမှာ အရေးတော်ပုံ အောင်ရမည်၊ ဒို့အရေးဆိုတဲ့ အသံတွေက တနေ့ထက်တနေ့ ပိုပြီး ကျယ်လောင်နေတယ်။
အဲဒီညမှာ ဦးနေ၀င်း နောက်ဆုံး မိန့်ခွန်းပြောတယ်။ မိန့်ခွန်းဆုံးတော့ ကျနော့်အဖေက သက်ပြင်းရှည်ကြီး တချက် ချတယ်။ ကျနော့်အကိုတွေ၊ အမတွေ အိမ်ရှေ့ကို ပြေးထွက်သွားတယ်။ လူအုပ်ကြီးဟာ လက်ခုပ်လက်ဝါးတွေ တီးပြီး ဦးနေ၀င်းကို နှုတ်ဆက်ကြတယ်။ နောက်ရက်တွေမှာ ကျနော့်ဘ၀ရဲ့ ပထမဦးဆုံးအဖြစ် သေနတ်သံတွေ စကြားဖူးတယ်။ အနီရောင် ပုဝါတွေ လည်ပင်းမှာ စည်းထားတဲ့ စစ်သားတွေဟာ အိမ်ရှေ့က ပြည်လမ်းမပေါ် ၀ုန်းခနဲကားတွေ ရပ်ပြီး အကျအန ဒူးထောက်ထိုင်ကာ သေနတ်တွေနဲ့ ရပ်ကွက်ထဲက လမ်းတွေထဲကို လှမ်းပစ်တယ်။
အိမ်ရှေ့ဝရန်တာ ကြမ်းပြင်မှာ ပြားပြားဝပ်ပြီး မျက်မြင်သက်သေ လုပ်နေတဲ့ ကျနော့် ရှေ့တည့်တည့်ကို ပစ္စည်းတခုကျလာတယ်။ ခပ်လှမ်းလှမ်းကို လိမ့်သွားပြီးမှာ အငွေ့ဖြူဖြူတွေ ထွက်လာတယ်။ အမေနဲ့ အကိုတွေက ကျနော့်ကို လက်ဆွဲပြီး အိမ်အောက်ထပ်ကို ဆင်းပြေးတယ်။ နောက် အိမ်နောက်ဖေးကနေ ဘုန်းကြီးကျောင်းထဲက ရေကန်ဆီ ပြေးကြတယ်။ မျက်လုံးတွေ ဘာမှ မမြင်ရတော့ဘူး။ ရေကန်ထဲမှာ ခေါင်းတခုလုံး စိမ်ထားရတယ်။
ကျနော် မငိုချင်ဘဲ မျက်ရည်တွေချည်းပဲ ကျတဲ့နေ့။
++++++
မျက်လုံးထဲမှာ မျက်ရည်တွေလား၊ နှင်းတွေလား မသိတော့။ ဒွိုင်အင်းထနွန်းဆိုတဲ့ ထိုင်းနိုင်ငံရဲ့ အမြင့်ဆုံးသော တောင်ပေါ်မှာ ကျနော် မတ်တပ် ရပ်နေတယ်။ ရှေ့မှာ ဘာမှ မမြင်ရတော့။ သစ်သားအိမ်လုံးထဲက ဂစ်တာသံသဲ့သဲ့ ကြားနေရတယ်။ ဆယ်လ်မွန်ငါးတို့အပြန် စာသားတွေ မပီမသ ၀ိုးတ၀ါး ကြားနေတယ်။ ကိုစိုးထွန်းနဲ့ သူငယ်ချင်းတွေ ထောင်က ပြန်လွတ်ကြပြီတဲ့။ ဦးနေ၀င်းလည်း ဆုံးသွားခဲ့ပြီ။ ထိုင်းကို ထွက်လာတုန်းကတော့ အများသူငါလိုပဲ (၂)နှစ်၊ (၃)နှစ်ပဲ ကြာမယ်ထင်တာ။ ဒီမိုကရေစီလည်း ရတော့မှာပဲဆိုတဲ့ မျှော်လင့်ချက်တွေ အပြည့်နဲ့။ အခုတော့ ကျနော်ကပဲ အသက်ကြီးလာလို့လား၊ မျှော်လင့်ချက်တွေကပဲ မရေမရာ ရှိသွားတာလား မသိတော့ဘူး။
ဦးနေ၀င်းဆုံးတဲ့နေ့မှာ ထိုင်းမြန်မာနယ်စပ်က ကချင်ရွာလေးပွဲ မနောပွဲ ကျင်းပနေတယ်။ ကချင်ရိုးရာ ပွဲတော်လေးမှာ ခေါင်ရည်မသောက်ဘဲ ကျနော်မူးနေတယ်။ ထိုင်းနိုင်ငံမြောက်ပိုင်း နယ်စပ်ဒေသက တောင်တန်းတွေရဲ့ ဆောင်းရာသီဒဏ်ကို ရန်ကုန်သား ကျနော် အံ့ကြိတ်ခံရတယ်။ မနောပွဲတော် ပြီးတော့ လူတွေဟာ ဈေးတန်းတလျောက် ပြည့်ကျပ်နေကြတယ်။ ခပ်လှမ်းလှမ်းက စတိတ်ရှိုးမှာ ကေဂျာနူးက ကချင်ဘာသာနဲ့ သီချင်းဆိုနေတယ်။ လူတွေက လက်ခုပ်တွေ တဖြောင်းဖြောင်း တီးကြတယ်။ ပျော်စရာကြီး။
++++
ရုတ်တရက်ကြီး လူတွေဟာ အံ့သြမင်သက်နေရာက ဟေးခနဲ ထအော်ပြီး လက်ခုပ်တွေ တဖြောင်းဖြောင်း တီးကြတယ်။ ဦးစိန်လွင် ရာထူးက ဆင်းပြီဆိုတဲ့ ရေဒီယိုက သတင်းလွှင့်ပြီးတာနဲ့ တရပ်ကွက်လုံး ဒန်အိုးဖုံးတွေ၊ ရေပုံးတွေကို တရစပ် တီးခတ်သံတွေက စီခနဲပေါ်လာတယ်။ တနိုင်ငံလုံး မကောင်းဆိုးရွားကို တောထုတ်တဲ့ အထိမ်းအမှတ်နဲ့ ရန်ကုန်သားသတ်သမားကြီးကို နှုတ်ဆက်ကြတယ်။ နောက်နေ့ လမ်းမတွေပေါ် လူတွေက ပုံမှန်ထက် ဆယ်ဆလောက် များနေတယ်။ မြင်လေရာရာ ... သပိတ်တပ်သားတွေ၊ အစာငတ်ခံ ဆန္ဒပြသူနေတွေ၊ ထိုင်သပိတ်တွေ ....။ အရေးတော်ပုံကြီးဟာ အရှိန်မြင့်တက်လာတယ်။
ကြည့်လေရာရာမှာ လူလှိုင်းလုံးကြီးတွေ၊ မော်တော်ကားတွေပေါ်မှာလည်း လူတွေက အပြည့်။ သြဂုတ်လ တလလုံး လူတွေဟာ အထွေထွေ သပိတ်ကြီးကို အားမာန်အပြည့်နဲ့ ဆင်နွှဲနေကြတယ်။
(၂၆) ရက်နေ့မှာ ကျနော်ဟာ ရွှေတိဂုံဘုရား အနောက်ဘက်ကို အမနဲ့အတူ ရောက်နေတယ်။ ကျနော့်တသက် ဘယ်တော့မှ မထင်မှတ်ထားတဲ့ လူအုပ်ကြီးကို တွေ့ဖူးခြင်းပဲ။ တော်လှန်ရေး ပန်းခြံနားလောက်ကစပြီး ခြေလှမ်းတွေကို ရှေ့ဆက်ရွှေ့ဖို့ ခက်လာတယ်။ နာရီပေါင်း အတော်ကြာကြာ လူအုပ်ကြီးထဲ မွန်းကြပ်နေပြီးတဲ့နောက် ဘုရားဝင်း တံတိုင်းပေါ်က အသံချဲ့စက်ကနေ ဒုတိယ လွတ်လပ်ရေး တိုက်ပွဲခေါ်သံကို ပီပီသသ ကြားရတယ်။ ဒေါ်အောင်ဆန်းစုကြည် .... ဒေါ်အောင်ဆန်းစုကြည်တဲ့။ သူမဟာ လူထုကြီးရှေ့မှာ မားမားရပ်နေတယ်။ လူတွေက သူမနာမည်ကို အကြိမ်တသောင်းမက အော်ဟစ်ခေါ်နေကြတယ်။
++++++
လူတွေက ဒေါ်အောင်ဆန်းစုကြည် နာမည်ကို အကြိမ်ပေါင်းများစွာ အော်ဟစ် ခေါ်နေကြတယ်။ နောက်ဆုံးတော့ နှစ်ရှည်လများ စိတ်ဒုက္ခကြီးစွာ စောင့်ဆိုင်းနေရတဲ့ သူမရဲ့ လွတ်မြောက်မှုက အမှန်တကယ် ဖြစ်ပေါ်ခဲ့ရပြီ။ ရုပ်မြင်သံကြား ဖန်သားပြင်ပေါ်မှာ ပေါ်လာတဲ့ ဒီမိုကရေစီ ခေါင်းဆောင်ဟာ လူအုပ်ကြားထဲကနေ ရုံးချုပ်ရှိရာကို တိုးဝှေ့ရောက်လာတယ်။ သူမရဲ့ ဒုတိယအကြိမ် လွတ်မြောက်မှုဟာ မျှော်လင့်ချက်တွေ တသီကြီးကို သယ်ဆောင်လာတယ်။ မြန်မာပြည်အတွက် အရုဏ်ဦးလို့ ပြောတယ်။ စာမျက်နှာသစ် ဖွင့်လိုက်ပြီလို့ ဆိုကြတယ်။
ကျနော်နေထိုင်ရာ ဖနွမ်းပင်မြို့က သတင်းစာပညာသင် ကျောင်းသားတွေ တည်းခိုတဲ့ အိမ်ထဲမှာ ဒေါ်အောင်ဆန်းစုကြည် လွတ်မြောက်ရေး အထိမ်းအမှတ် လာအို၊ ကမောဒီးယား၊ မြန်မာ၊ ဗီယက်နမ်နဲ့ အမေရိကန် မိတ်ဆွေတွေ လွတ်မြောက်ရေး ပါတီပွဲတခုကို ကျင်းပနေကြတယ်။
ခမာတို့မြေမှာ ကျနော်ဟာ ကျောင်းသားတစ်ယောက်။ ကာလအကြာကြီး စာမသင်ခဲ့ရတဲ့ ကျနော်ဟာ စာသင်ခန်းထဲကို ခဏပြန်ရောက်တဲ့ အချိန်ပေါ့။
++++++
စာသင်ခန်းထဲကို နောက်တခေါက် ပြန်ရောက်လာတဲ့ ကျနော်ဟာ (၆) တန်းကို နောက်တကြိမ် ပြန်တက်ရတယ်။ မနှစ်က အရေးတော်ပုံကြီးကြောင့် ကျောင်းတနှစ် အောက်လိုက်ရတာမို့ (၆)တန်းကို နှစ်ခါ ပြန်တက်ရတာမျိုး။ ကျောင်းသားတိုင်းရဲ့ ရင်ဘက်မှာ ဗိုလ်ချုပ်ပုံနဲ့ ဒေါ်စုပုံ ရင်ထိုးလေးတွေ။ အများစုက အရေးတော်ပုံကို မမေ့နိုင်ကြသေး။ အာဏာသိမ်းတဲ့ညက တောခိုဖို့ တာစူနေတဲ့ အစ်ကို့ကို အမေက မျက်ရည်တွေနဲ့ တားတယ်။ နောက်ဆုံးတော့ အစ်ကိုလည်း တောမခိုဖြစ်ဘဲ ကျောင်းသားပါတီထဲ ၀င်လုပ်တယ်။ အဲဒီကာလမှာ ပါတီသစ်တွေ၊ ရုံးခန်းသစ်တွေ ရန်ကုန်မြို့အနှံ့မှာ မိုးဦးကျပေါက်တဲ့ မှိုတွေလို ဖွေးဖွေးကို လှုပ်လို့။
နောက်ဆုံးတော့လည်း ခမောက်ပုံကို မဲပေးကြတယ်။ ကျနော် (၇)တန်း အောင်တယ်။ အဖေဆုံးတယ်။ အစ်ကိုတယောက်က အဖွဲ့ချုပ်ရဲ့ မြို့နယ်စည်းရုံးရေးမှူး တာဝန်ယူတယ်။ ရန်ကုန်မြို့ကြီးမှာ ငြိမ်းချမ်းရေးအဖွဲ့တွေ ခေတ်စားတယ်။ ကုမ္ပဏီလုပ်ငန်းတွေ ခေတ်စားတယ်။ စီးကရက် ကြော်ငြာတွေ ခေတ်စားတယ်။ နောက်ဆုံး တီဗီမှာ ဗိုလ်ချုပ်တွေ၊ ဘုန်းကြီးတွေနဲ့ ထက်ထက်မိုးဦး ကြော်ငြာတွေ နေရာယူလာတယ်။ ၁၉၉၄မှာ ကျနော် ဆယ်တန်း အောင်တယ်။ (၈၈) တုန်းက ကျနော်သိမ်းထားတဲ့ အရေးတော်ပုံ ကြေညာချက်တွေ၊ သတင်းစာ ဖြတ်ပိုင်းတွေကို ပြန်ဖတ်တယ်။ ပလက်စတစ်အိတ်နဲ့ သေသေချာချာ ထုပ်ပိုးပြီး မြေကြီးထဲမှာ ထည့်မြုပ်ထားလိုက်တယ်။
+++++
ကျောင်းသား နိုင်ငံရေးဘ၀ကို သတင်းသမား တယောက်အဖြစ် သေသေချာချာ မြုပ်နှံလိုက်တယ်။ ထိုင်းနိုင်ငံမှာ ကျနော် ရင်းနှီးခဲ့သူ အများစုဟာ သတင်းသမားတွေ၊ နောက်ပြီး သတင်းစာတွေဟာ ကျနော့်ကို ဆွဲဆောင်မှု အရှိဆုံး။ ကျနော် တာဝန်ယူလုပ်ကိုင်တဲ့ (ဗကသ) နိုင်ငံခြားရေးရာ ကော်မတီက အပတ်စဉ် ထုတ်ဝေတဲ့ သမဂ္ဂသတင်းလွှာမှာ အယ်ဒီတာ တာဝန်ယူတယ်။ နောက်တော့ အမြင်သစ် သတင်းစာကို ကိုယ်ပိုင် စထုတ်တယ်။ ထိုင်းရောက်ပြီး တနှစ်အကြာမှာ ကျနော် သတင်းစာသမား ဖြစ်လာပြီ။
အမြင်သစ်ဟာ ကိုစိုးထွန်းပေးခဲ့တဲ့ နာမည်။ ဒီနာမည်ကို သူထောင်ကျနေတဲ့ အချိန်မှာ ကျနော်က သတင်းစာ နာမည်အဖြစ်နဲ့ ပြန်သုံးခဲ့တယ်။ အမြင်သစ်ဟာ မူလကတော့ စာကြည့်တိုက်ဖွင့်ဖို့ ရည်ရွယ်ထားတဲ့ ကျောင်းသားတစုရဲ့ စာပေကလပ်လေးရဲ့ အမြုတေ။ အခုတော့ သတင်းစာ။
ကိုစိုးထွန်းနဲ့ စပြီးဆုံတာက ၁၉၉၆ ကျောင်းသားလှုပ်ရှားမှုမှာ။ လူချင်းတခါလောက် တွေ့ဖူးပေမယ့် မရင်းနှီးကြသေးဘူး။ ကျနော်က ဒုတိယနှစ် သင်္ချာကျောင်းသား။ လှိုင်ကောလိပ်က။ သူက စက်မှုပဉ္စမနှစ် ကျောင်းသား။ ကိုစိုးထွန်းအပါအ၀င် ကျနော်တို့တွေ အမြင်သစ်ကို စလုပ်တာက ၁၉၉၇ နွေရာသီမှာ။ လှည်းတန်းက အမြင်သစ်စာပေဟာ မြေပေါ်ကျောင်းသား လှုပ်ရှားမှုရဲ့ ဆုံချက်။ သိပ်မကြာခင်မှာပဲ ကိုစိုးထွန်းနဲ့ (၄)ယောက် ဖမ်းခံလိုက်ရတယ်။ ဆိတ်ဖလူးရနံ့ သင်းတဲ့မြေမှာ (၇) နှစ်ကြာမယ်တဲ့။ ကျနော်တို့တွေ အမြင်သစ်ကို ပိတ်လိုက်ကြတယ်။ အိမ်ပြန်မအိပ်ကြတော့ဘူး။ အမေက အလည်လွန်နေလို့ ခဏခဏ ဆူတယ်။ ကျနော် အမှန်တကယ် အလည်လွန်တော့ အမေ မဆူနိုင်တော့ဘူး။ ကျနော်ပြောတဲ့ စကားတွေကို အမေ ငြိမ်ငြိမ်လေး နားထောင်နေတယ်။
++++++
အမေက ကျနော်ပြောတာကို ငြိမ်ငြိမ်လေး နားထောင်နေတယ်။ ဒီတခါ ကျနော်တို့ လုပ်ပြီးရင် အိမ်ပြန်လာဖို့ မဖြစ်နိုင်တော့ဘူး။ (၆)လ၊ တစ်နှစ်လောက်တော့ တခြားမှာ ရှောင်နေရမယ်။ အမေ ကျနော့်ကို နားလည်ပါ ... ကျနော် ဆုံးဖြတ်ပြီးပြီ ... ကျနော် အဖမ်းမခံနိုင်ဘူး ...။ အမေထိုင်နေတဲ့ ခုံနံဘေးနေကြည့်ရင် ပြောင်းဖူးပင်တွေက လေယူရာ ဟိုသည်ယိမ်းလို့။ ကျနော်တို့ ... နေ့လည် (၁၂)နာရီမှာ ... လှည်းတန်း၊ ဆန္ဒပြမယ် ...။ အဲဒီနေ့ဟာ ကျနော့်ရဲ့ ကောလိပ်ကျောင်းသားဘ၀ရဲ့ နောက်ဆုံး စာမေးပွဲနေ့ ဖြစ်သလို သူပုန်ကျောင်းသားအဖြစ် စတင် ပုန်းရှောင်ခဲ့ရတဲ့ ပထမဦးဆုံးနေ့ပါပဲ။ ကျနော့်ရဲဘော်တွေ တယောက်ပြီးတစ်ယောက် ရက်တိုတိုအတွင်း ပျောက်သွားကြတယ်။ ကျနော်ဟာ ရန်ကုန်မြို့စွန်က အခန်းလေးတခန်းမှာ ရက်ပေါင်းများစွာ ... လပေါင်းများစွာ။ အမေနဲ့အကိုကို ထောက်လှမ်းရေးတွေက ဖမ်းသွားပြီး (၃)ရက်ကြာ စစ်တယ်။ ဆွေမျိုးတွေရှိတဲ့ အိမ်တိုင်းကို ၀င်ရှာတယ်။ မြန်မာပြည်ဝှမ်းအကုန် တို့အိမ်မှတ်ပါ၊ တို့ယာမှတ်ပါ လုပ်ရမယ့်အချိန်။ ရန်ကုန်ကို ခြေပြန်ချခွင့် မရတော့။ (၉)လပင် ကျော်လာလည်း အိမ်ကို မပြန်နိုင်တော့။ ပုန်းနေဆဲ လူတွေလည်း ပြောင်သလောက်နီးနီး ရှိနေပြီ။ ကျနော်နေတဲ့ ရွာကလေးမှာ ဒီနှစ် သင်္ကြန်စည်တယ်။
+++++
သင်္ကြန်ဟာ ရန်ကုန်မှာတော့ အရင်လိုပါပဲ။ သင်္ကြန်သီချင်းတွေ လ်းမတွေပေါ် ဖိတ်စဉ်နေစဉ်မှာပဲ မြို့ကနေ တိတ်တိတ်ကလေး ထွက်ပြေးဖို့ ကြိုးစားနေတဲ့ ကျနော်ဟာ အမေအိမ်ကို အပြေးပြန်ချင်တယ်။ အမေ့ကို နောက်ဆုံး လူချင်းတွေ့ပြီး နှုတ်ဆက်ချင်တယ်။ ဒါပေမယ့် ... ရန်ကုန်ဟာ ကျနော့်အတွက် နယ်ကျဉ်းခဲ့ပြီ။ မြို့ကြီးဟာ သိပ်ကို တစိမ်းဆန်တယ်။ လှည်းတန်းလမ်းဆုံကို နောက်ဆုံးအဖြစ်နဲ့ ခြေချချင်တယ်။ မွန်သစ်မှာ ဒီအချိန် လူတွေ စည်နေဆဲလား၊ မောင်အေးဆိုင်မှာ ဘီအီးနဲ့မြည်းဖို့ ဆိတ်သားနဲ့ပဲဟင်းကရော အရင်လိုပဲလား။
ဒီလိုနဲ့ ကျနော်ဟာ စစ်တောင်း တံတားကြီးကိုဖြတ်၊ ဖားအံမှာ ညအိပ်ပြီး ကောကရိတ်မှာ ရင်ခုန်သံ မြန်ခဲ့ရတယ်။ ကျနော် အိပ်မပျော်တဲ့ညတွေ များနေပြီ။ ရဲဘော်ရှောင်း ပြောသလိုဆို ရဲဘော် ... တိုက်ပွဲဟာ အကျအဆုံး သိပ်များတယ် ...ပေါ့။ ၁၉၉၉ ဧပြီနွေဟာ ဒေါနတောင်ပေါ်မှာ ပျောက်သွားပြီ။ မြူတွေဝေ့ဆိုင်းလို့ ...။
ဒေါနတောင်တန်းဟာ သိပ်ကိုမြင့်မားပြီး ကြီးမား ခံညားလွန်းတယ်။ တောင်ပတ်လည်ကို ဖောက်ထားတဲ့ ကားလမ်းဟာ ခနော်ခနဲ့။ ချိုင့်ထဲ ဘီးရောက်သွားတိုင်း ခေါင်းမိုးပေါ်မှာ ထိုင်လိုက်လာတဲ့ ကျနော်ဟာ ရင်ခုန်သံ တဒုတ်ဒုတ်၊ နွေရဲ့နေကြောင့် ချွေးစက်တွေဟာ ပါးပြင်ပေါ်မှာ။ အမှန်တော့ ကျနော်မငိုသေးပါဘူး အမေရယ်။ ကျနော် မောနေတာပါ။
မြ၀တီကားကြီးဝင်းထဲမှာ ကျနော့်ရင်ခုန်သံတွေ အမြန်ဆုံး။ လွတ်မြောက်ရေးဟာ ပဓာန၊ အလွမ်းဟာ ဒုတိယပေါ့။ နှစ်နိုင်ငံ ချစ်ကြည်ရေး တံတားပေါ် နံနက် ဝေလီဝေလင်း ဗွေဆော်ဦး ရောက်နေသူဟာ မျက်ရည် မကျရဘူးတဲ့လား အမေ။ ဒါပေမယ့် ကျနော် နောက်လှည့်ပြီး မကြည့်တော့ပါဘူး။
++++++
ကျနော် နောက်လှည့်ပြီး မကြည့်တော့ဘူး။ ပစိဖိတ် သမုဒရာပေါ်မှာ နေ့နဲ့ညအကူးကို မြင်တွေ့ရပြီးချိန်မှာ ထပ်ပြီး ရင်ဆိုင်ရမှာတွေကို ကြိုမတွေးချင်တော့ဘူး။ လေယာဉ်ဟာ ကယ်လီဖိုးနီးယား ကမ်းခြေပေါ် ၀ဲဝိုက်ပျံနေတာ အတော်ကြာတယ်။ ရေခဲတွေတစ်ချို့ ခပ်မြင့်မြင့် တောင်တွေပေါ်မှာ ရိပ်ခနဲ၊ ရိပ်ခနဲ။
လေယာဉ်ဘီးနဲ့ ကြမ်းပြင်အထိ ဒုတ်ခနဲ ဖြစ်သွားတယ်။ ခရီးက မဆုံးသေးဘူး။ အဲဒီည သန်းခေါင်လောက်မှာ ကျနော့်ရဲ့ အိမ်အသစ်ဆီ ရောက်တယ်။ အဲဒီနေ့ဟာ ပူပြင်းလှတဲ့ မတ်လဖြစ်ပေမယ့် နွေဦးရာသီဟာ ကျနော်ထင်ထားတာထက် ပိုပြီး အအေးကဲတယ်။ ။

Saturday, July 19, 2008
အာဇာနည်ဗိမာန်
သခင်ကိုယ်တော်မှိုင်း
ဇူလိုင် ၁၈၊ ၂ဝဝ၈
သြော်၊ အဆောင်ဆောင်နန်းတွေ၊ ကြငှန်းတွေနှင့်နှော၊ အခေါင်မမြန်းခင်က၊ အောင်စာတမ်းချို့စေဘို့၊ အောင်ပန်းညို့ရရှာတဲ့၊ တောင်တမန်းတို့ဗမာမှာ၊ အဟောင်းသံသရာ အငုတ်တွေနှင့် အောင်ဆန်းတို့ မသာမယာဟာ၊ ၎င်း ကံကြမ္မာ အလုပ်ပေထင့်၊ သောင်းမြန် မရဏာစမုတ်မှာတော့ ချုပ်သနဲ့ ယင်းအလိုတွင်၊ ဒေါင်းလံပုဝါအုပ်ပါလို့ ကျုပ်ဖြင့် သဂြုင်္ိဟ်ချင်။
သြော် တပည့်ရင်းတွေမို့၊ က၀ိမတင်းနိုင်ဘုကွယ့် သတိကင်းကာ မျက်ရည်ကျကျပြီး၊ ခက်ကပြီ လက်ဆည်လို့ မရနိုင်ဘူ့၊ သောက ဘလောင်ဆူတော့၊ တောင်ဇမ္ဗူ ပုဂံခေတ်ဆီက၊ ယခေါင်မူ ယမန်သနစ်တွေပေါ့၊ ရန်အဖြစ်မကွယ့် မနှေးသနော် တသောင်းဇမ္ဗူရမ်းနေကြ၊ ကျန်ရစ်သူမြေးတော် အလောင်းစည်သူရဲ့နန်းကိုဖြင့်၊ လူကြမ်းဓပြတွေ ကြမ်းလာ ရမ်းလာတဲ့အရေးတွင်မှ၊ ဘေးအပေါင်းကြီးစွာ ဝေဒနာအစုံနဲ့၊ သွေးချောင်းစီးကာ သေရှာပုံရဲ့ပြင် ရွှေမြန်မာဘုံမှာ အမင်းမင်း သမတတွေနဲ့၊ သတင်းလှတဲ့ အင်းဝရာဇာအမွန် သာလွန်မင်းကိုမှ၊ သားရင်း ရှင်တရုပ်ကယ်က၊ ရှင်ဘုရင်လုပ်မယ် အကျယ်ဇယားတွေဖြင့်၊ ဒ၀ယ်သားတွေ ဗိုလ်ဝင်ခံလို့မို့၊ ဟိုအရင် ယမန် နန်းတော်စီးစဉ်က၊ အပျက်ကြီးပျက်ကာ အသက်ခန္ဗ္ဓာတွေဆုံးပုံနဲ့၊ တထုံးနောက်တနဲမှာတော့၊ မင်းရဲရန္တမိတ်ခမျာမှာ ညီသနင်းပေပေါ့၊ ပြည်မင်းဂုဏ်ခံလို့၊ မှုန်မှုန်ဆန်ဆန် ပုန်ကန်တဲ့အတိုင်းရဲ့ပြင်၊ တလိုင်းနယ် ရွှေပြည်တခွင်မတော့၊ ဓမ္မစေတီဘုရင်လက်ထက်တုန်းဆီက၊ လက်ရုံးရည် တသိန် လျှမ်းပေတဲ့၊ သမိန်ဗရမ်းဆိုသူ စစ်ဗိုလ်ချုပ်ကိုဖြင့်၊ မဟုတ်တရုတ် အကောင် တေလေ တစ္ဆေ ကိုက်တာနဲ့၊ သြော် ဖွေဖွေရှာရှာ မကျေစရာပေပေါ့နှော၊ မရေမရာ သေရွာဆိုက်သလိုပါ့၊ အခိုက်အခါတူမို့လို့၊ ဆရာတမူ မကြာမကြာ လွမ်းရပါတဲ့၊ ဘမရာ အဆူဆူ ကြာကြငှန်းတွေနှင့်၊ မြန်မာဇမ္ဗူ အညာမန်းတွင်ဖြင့် ငါတလူ ငါသရမ်းရော့မဟဲ့လို့၊ သာခန်း ပလ္လင်ညွှန်းပြီး၊ မြင်ကွန်းပိုင် သူပုန်ထစဉ်က၊ ကြုံရသူ မသာတော်နှင့်၊ ပမာသော်တူတယ်လို့ နှိုင်းမိတယ်၊ ရိုင်းသတဲ့ အတိတ်ယခင်လိုနော်ကွယ်၊ စကိုင်းတပဲ့ ဂိုဏ်းဖွဲ့တွေနဲ့၊ မှိုင်းရဲ့စိတ်ထင်။
မင်းစိတ်မင်းမာန် အကြံအဖန်ကင်းလိုက်ပုံက၊ အင်္ဂလိပ် ယင်းဂျပန် နှစ်တန်ရှင်းပါလို့၊ ရန်ခပင်းကိုတဲ့ မောင်းကာနှင်၊ ဒေါင်းမြန်မာတခွင်မှာဖြင့် ယခင်သဘော၊ (အိုကွယ်) တကောင်းရာဇ၀င်ကိုတဲ့ ဆက်ချင်သကော။
နန်းမြို့တည်ရန်၊ မှန်းလို့ရည်ကာသန်တဲ့၊ ညီလာခံ ဗိုလ်ရှုပွဲတွင်မှ၊ ထိုထိုလူ့ခပဲကိုမကြည်ညိုတဲ့၊ ၀သီလို တဖြေးဖြေးရူးမဟဲ့လို့၊ တနွေးနွေး မူးမူးပြီး၊ ခွေးဘီလူးလိုအကောင်မိုက်တွေက၊ သြော် အမှောင်စရိုက်ကယ်နှင့်၊ ပြောင်ပြောင်ဘဲမိုက်မပေါ့လို့၊ ဗြောင်ကိုက်သဟာမှာ ယာယီတြာအချိန်နဲ့၊ ဇာတာမှိန်လို့မို့၊ ဂဏာမငြိမ် တာဝတိန်ယွန်းကြပေါ့၊ ဖြေမကြည် နေရီတော့လွမ်းစေဘို့၊ မြန်မာ့ပြည်ပေါ်ကို ဓမ္မစည်တော်ရွမ်းချိန်မို့၊ အစွမ်းကုန် သည်တခါဖြင့်၊ ပြည်ရွာ ညီညာဘို့ အလုပ်ပေပါ့၊ သုဿန် တံခွန်စောင်းရရှာတဲ့၊ ရုပ်အကျန်ခုနှစ်လောင်းရယ်နှင့်၊ အလွန်ကောင်းစွာ ကမ္ဘာတည်မည့်၊ အာဇာနည်ဗိမာန်ပုထိုးကိုဖြင့်၊ ပါရမီအဓိဋ္ဌာန်တမျိုးရယ်နှင့်၊ ရှိခိုးကာဆရာကန်တော့ချင်ရဲ့၊ မြန်မာမတော့ ပူစရာဘို့၊ တဗျူဟာ အောင်ခမန်းတွင်မှ၊ လူမသမာ အမှောင်သန်းချိန်မို့၊ သောင်ကမ်းမို့မို့ဆီက၊ ဖောင်နန်းကူးတို့နှင့် အကြေဒဂုန်တည်းဟူသော ရေစုန်မျောလေရဲ့၊ သြော် တောင်နန်းမြောက်နန်း အဆောင်ကြငှန်းနဲ့၊ အခေါင်မမြန်းရခင်က၊ အောင်ပန်းညို့ရရှာတဲ့၊ အောင်ဆန်းတို့ သေပုံနှမြော။
(မှတ်ချက် - ၁၉၆၉ ဖေဖော်ဝါရီလတွင် ဒုတိယအကြိမ်ထုတ်ဝေသော အောင်သန်း၏အောင်ဆန်း စာအုပ်မှ အာဇာနည်ဗိမာန်ဘွဲ့လေးချိုးကြီးကို မူရင်းသတ်ပုံအတိုင်း ပြန်လည်ဖော်ပြခြင်းဖြစ်သည်။)

Friday, June 20, 2008
Birthday present for Daw Suu: Waves of 'Saffron Revolution'
Nathan Maung
Friday, June 20, 2008
http://www.mizzima.com/edop/commentary/8-commentary/694-birthday-present-for-daw-suu-waves-of-saffron-revolution-
I didn't realize that the article that I wrote last fall would be significant and be a precious moment in my life. After retiring from the media world and living as a student in North Carolina State, Mizzima editor Ko Sein Win who was a classmate in media training conducted in Cambodia seven years ago, pressed me to write an article for his media. It was no doubt Ko Sein Win created a remarkable opportunity for me to write a Burma related article after a three-year lull.
At that time, hundreds of monks were marching in procession by reciting Metta sutra in Rangoon's monsoon rain and wind. The monk-led protest, tirelessly and assiduously striving for sweeping compassion across Burma, in rain soaked robes, was the most thrilling and exciting moment for me as well as to the modern history of Burma.
As I was watching this Metta (Love) reciting movement in full excitement at my home, the protesting monks met pro-democracy icon Daw Aung San Suu Kyi who was under house arrest at her residence-turned-prison with Metta in the environment of incarceration. The monks saw her standing at her door step on that very day 23rd September 2007. At that moment, I realized that I'd got enough inspiration to write an article.
The compassion clad movement was the climactic moment in the 19-year long non-violent democratic movement led by Daw Aung San Suu Kyi which seemed to be the prelude of forthcoming surging tidal wave of our democratic movement. I couldn't help recollecting the images of peaceful democratic transformation movement in East Europe, (countries once under the now defunct USSR).
The monks led protest calling the rulers to stop violence was the sequel of incidents where the regime brutally beat up monks, the most revered in Burmese society, in Pakokku two weeks ago. This incident sparked the nationwide movement drawing all the people in joining the protest, calling for sweeping political change and writing the modern history of Burma, was in fact, compassion head-butt against the brick wall.
The 2003 Red Rose revolution in Georgia, 2004 Orange Revolution in Ukraine, 2005 Tulip Revolution in Kyrgyzstan are the sequels of the famous 1989 'Velvet Revolution' in Czech Republic, transforming to democratic states from totalitarian regimes. All these movements are firmly impressed in my head. Then I realized we need to symbolize our movement also with the images of flowers and colours, soon after that, I wrote my article.
In that article, I wrote,
"……Colours and flowers revolutions have started from systematic and peaceful defiance by the student movements and anti-communist movements…."
"The successful Velvet Revolution in Czech Republic was the encouragement to the newly emerged republics of former USSR to free from the yoke of communism.'Red Rose Revolution' in 2003 in Georgia compelled the corrupt President Eduard Shevardnadze who led the country to total economic chaos, had to enter into negotiations with the opposition leader brokered by the Russian government, and had to step down. The people were supporting the opposition leader, holding the red roses in their hands, and protesting against the rule of the existing government. Finally the peaceful red rose revolution succeeded. After one year, the pro-democracy forces in Ukraine started their struggle to topple the pro-Russia President by wearing orange ribbons which was later popularly known as 'orange revolution'. The electoral crisis created by controversial vote counting and massive electoral fraud made opposition leader Viktor Yushchenko an overwhelming success.
"In 2005, the Tulip Revolution which toppled the President Askar Akayev occurred in Kyrgyzstan. Like other colour or flower revolutions, the dictator President and his family was toppled and had to flee to Russia. At first, the world media referred this popular movement as Pink, Lemon, Silk and Daffodil revolutions. But the toppled president himself referred this movement as Tulip revolution and warned the people not to wage colour revolution against his administration."
"The reason why we referred this movement of democracy loving and democracy longing people as 'saffron revolution' because it was representing the faith (Sasana) of most monks, laity, students and people in Burma; young and brave fighting peacock; the conscious citizens who own yellow paddy fields across the country which will make our country prosperous and free from the current crisis.
Mizzima posted my article the same day, 23rd September. I wrote the same in English under the title 'Yellow Revolution' and was posted in Irrawaddy and Mizzima websites consecutively. After two days, London Times first referred the series of this movement as 'Saffron'. On 25th September, former US Charge d affaires in Rangoon Ms. Prescilla referred this movement as 'Yellow Revolution' in VOA Burmese Service.
During these days, the people and students joined the monk-led movement actively and enthusiastically. The number of demonstrators increased to hundreds of thousands from tens of thousands who took to the streets. The international media such as Boston Globe, United Press International, Washington Post, Economics magazine and Burma expert columnist Larry Jagan first referred this movement as 'Saffron'.
But until that time, the Burmese media had not yet referred the movement as 'Saffron'. Mizzima first used the headline 'The Saffron Revolution has started' on 24th September. Then 'New Era' followed suit on 1st October, Saya Maung Swanyi on 2nd October in Moemakha, and BBC Burmese Service first referred the movement as 'Saffron Revolution' on October 4th. Since then, the people have accepted their September movement as 'Saffron Revolution'. Though the words 'Yellow' and 'Saffron' are different in English, it is the same in Burmese and it is more appropriate to use 'Saffron'.
A friend of mine in Thailand warned me that the Chinese government was very much concerned over the christening of this movement as 'Saffron Revolution'. It is not surprising to see the Chinese government was worrying about coining the term with another colour revolution in the backyard of their country while they are still licking the wounds left by the Great Cultural Revolution and its nightmares. The colour revolutions occurred in Central Asia toppled the communist governments which made the Chinese government understandably nervous and cautious. But this is the serious mistake of the Chinese government not able to comprehend clearly about the nature and phenomenon of Burma.
It is time to continue the struggle to fulfill the unfinished task of the Saffron Revolution. Some are reluctant to use 'Saffron Revolution' as the movement died down due to the brutal suppression of the regime on the halfway to 'democracy' goal. Some preferred to use the term 'revolution' only after complete victory. But we should understand one thing very clearly that we could have laid the foundation of a 'peaceful and non-violent movement' firmly through love and compassion, which firmly believes in compassion and refused to see opponents as an enemy, need striving together for establishing a new era filled with democracy, justice and equality.
In fact, this movement follows the doctrines of Nelson Mandela and Mahatma Gandhi, follows the Daw Aung San Suu Kyi's doctrine of peaceful democratic transformation which could deeply impress the peaceful non-violent way in the hearts and heads of many pro-democracy forces. This is the hallmark of this movement. This is the great success for all of us.
We have crossed the 20-year long journey. We have covered a great distance in this long journey. We are still marching towards our goal through various experiences and different encounters in these 20 years. We are building our future democratic state with compassion and knowledge based on our tears and sweat.
This is the sole birthday present we can give to our beloved leader Daw Aung San Suu Kyi. The lone candle we can light on her birthday cake is the eternal truth for all of us. If she is the icon of Saffron Revolution, we must be the saffron flames so that our future will be bright.

Subscribe to:
Posts (Atom)